Sunday, July 7, 2013

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သည့် ထွေ/အုပ် ၀န်ထမ်း သားသမီးများအား ဂုဏ်ပြု ချီးမြှင့်

၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်း သားသမီး များအား ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်း အနားကို ဇူလိုင်လ(၆)ရက် နေ့လည်(၂)နာရီတွင် ကျွန်းရတနာခန်းမတွင် ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် ၀န်ထမ်းများ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ထွေ/အုပ် ၀န်ထမ်း သားသမီး ကျောင်းသား/ ကျောင်းသူများ တက်ရောက် ခဲ့သည်။

အခမ်းအနားတွင်  မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြား ပြီးနောက်  ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ သော ၀န်ထမ်း သားသမီး များအား ဂုဏ်ထူး(၁)ဘာသာလျှင် (၁)သိန်းကျပ်နှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ဂုဏ်ပြု ချီးမြင့်ငွေ (၅)သောင်းကျပ် ချီးမြှင့်ခဲ့သည်။

 ဂုဏ်ပြု ချီးမြှင့်ငွေများကို မြိတ်ခရိုင်အတွင်းရှိ ၂၀၁၃ခုနှစ် တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ ကြသော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်း သားသမီး (၂)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ(၁)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၅)ဦး တို့ကို ပေးအပ် ချီးမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။


0 comments: