Thursday, July 18, 2013

တနင်္သာရီ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရပ်/ကျေး (၁၃)ခု ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲများ ကျင်းပ


မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ တကူကျေးရွာ အုပ်စု ပါတီ ရုံးခန်းနှင့် ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့ နေ့လည် (၁၂၁၀) အချိန်တွင် တနင်္သာရီမြို့နယ် ရှိ တကူ သံတိုက် ကျေးရွာနေ ဒေါ်မွှေးမွှေး၏ နေအိမ်တွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ဦးသိန်းလွင်နှင့် တိုင်း/ခရိုင် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ကော်မတီဝင်များ ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ ၊ ပါတီဝင်များ ၊ ပါတီလိုလားသူများ စုစုပေါင်း အင်အား (၁၅၀) ဦး တက်ရောက်ကြသည်။ 


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ကော်မတီဝင် ဦးအေးအောင်က အမှာစကား ပြောကြား ပြိးနောက် တိုင်းကော်မတီဝင် ဦးအေးအောင်၊ မြို့နယ် အတွင်းရေးမှူး ဦးထင်ပေါ် ၊ တကူအုပ်စု စည်းရုံးရေးမှူး ဦးကျော်သူရ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ 

ဇူလိုင်လ (၁၁) ရက်နေ့တွင် သိန္ဓောကျေးရွာအုပ်စု ပါတီရုံးအား တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းလွင် မြို့နယ်အတွင်းရေးမှူး ဦးထင်ပေါ်၊ စည်းရုံးရေှးမှူး ဦးဇော်မင်းတို့က ဖွင့်လှစ်ပေး ခဲ့သည်။ 

အလားတူပင် သရဘွင်ကျေးရွာ အုပ်စုပါတီရုံး၊ သကျက်ကျေးရွာ အုပ်စု ပါတီရုံး၊ ညောင်ပင်ကွင်း ကျေးရွာ အုပ်စု ပါတီရုံး၊ ချောင်းငယ်ရပ်ကွက် ပါတီရုံး၊ ချောင်းကြီးရပ်ကွက် ပါတီရုံး ၊ ဆင်ခြေဖုံး အုပ်စု ပါတီရုံး၊ သမုတ်ချုံး အုပ်စု ပါတီရုံး၊ ပ၀ အုပ်စု ပါတီရုံး၊ လယ်သစ် အုပ်စု ပါတီရုံး၊ ကျောက်တစ်လုံး အုပ်စု ပါတီရုံး၊ ဇ၀ဲ အုပ်စု ပါတီရုံးများအား ပါတီတာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

0 comments: