Friday, July 19, 2013

မြိတ်မြို့သို့ ဖုန်းကံစမ်းမဲပေါက်ကြောင်း လိမ်လည်သူ တရားခံ (၄)ဦး မြိတ်မြို့၊ မြို့မရဲစခန်းသို့လွှဲအပ်ပြီ

ဖုန်းကံစမ်းမဲ ပေါက်ကြောင်း လိမ်လည် ငွေတောင်းခံသူ များအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ အလားတူ လိမ်လည်မှုပေါင်း (၁၇)မှု ထပ်မံဖေါ် ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ၁၁.၇.၂၀၁၃ ရက်နေ့ ၀၉၄၆ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နေ ကိုမောင်မောင်(ခ) ကိုစိုးသိန်း၏ လက်ကိုင်ဖုန်းသို့ ရန်ကုန်တိုင်း ဒေသကြီး တွင်နေထိုင်သူ ဦးဝဏ္ဏထွန်းဆိုသူမှ ဆက်သွယ်လာပြီး နိုင်ငံတော်မှ ဖုန်းနံပါတ် များကို မဲဖောက်ပေးခဲ့ရာ ငွေကျပ်သိန်း ၂၈၀၀ မဲပေါက်ကြောင်း ၊ ပြောဆိုလိမ်လည်ပြီး ငွေတောင်းခံသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်၊ ကမ္ဘောဇဘဏ်သို့ အဖွဲ့ငယ်များခွဲ၍ သွားရောက်စောင့်ဆိုင်းနေစဉ် ၁၁.၇.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ဘဏ်သို့ ငွေလာထုတ်သူ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ (၃၅)နှစ်၊ (ဘ)ဦးခင်ထွန်း၊ ဒဂုံ(တောင်)မြို့နယ်နေသူအား မြိတ်မြို့မှ လွှဲပေးသောခဲ့ ငွေ ၁၀၀၀၀ ကျပ်ကိုထုတ်ယူစဉ် 
ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက် အရ ပြစ်မှု အတူ ကျူးလွန် သူများဖြစ်သည့် ချမ်းမြေ့နိုင်(ခ) မင်းခန့်(ခ)ကျော်စွာ၊ (၂၆)နှစ်၊ (ဘ)ဦးဝင်းနိုင်၊ ဒဂုံ(တောင်)မြို့နယ် နေသူနှင့် ငြိမ်းထိုက်ဖြိုး(ခ) ချန်ဒူးဝမ်၊ (၃၀)နှစ်၊ (ဘ)ဦးညွှန့်ဦး၊ သန်လျင်မြို့နယ်နေ သူတို့ (၂)ဦးအား ငွေထုတ်ပြီး ၎င်းတို့တွေ့ဆုံရန် ချိန်းဆိုထားသည့် သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊ ဆောက်လုပ်ရေး မှတ်တိုင်တွင် လည်းကောင်း၊ ၎င်းတို့အား ကြီးကြပ်စေခိုင်းသူ မင်းသူ၊ (၃၁)နှစ်၊ (ဘ)ဦးတင်လှိုင်၊ သာကေတမြို့နယ် နေသူအား ရှုခင်းသာလမ်း၊ အကောက်ခွန် အိမ်ရာဝင်းအနီးတွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိပြီး တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့မရဲစခန်း (ပ)၃၃၃/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့် အရေးယူထား ရှိခဲ့ပါသည်။

ဖမ်းဆီးရမိသည့် တရားခံ(၄)ဦးအား ဆက်လက် စစ်ဆေးခဲ့ရာ ထီကံစမ်းမဲ ပေါက်ကြောင်း၊ ဖုန်းကံစမ်း မဲပေါက်ကြောင်း ပြောဆိုကာ အလားတူ ငွေလိမ်လည်တောင်းခံမှု ဖြစ်စဉ်များဖြစ်သော စစ်ကိုင်း တိုင်းဒေသကြီး အတွင်းမှ ဖြစ်စဉ် (၅)ခု၊ မွန်ပြည်နယ် အတွင်းမှ ဖြစ်စဉ် (၂)ခု၊ မန္တလေး တိုင်း ဒေသကြီးအတွင်းမှ ဖြစ်စဉ် (၂)ခု၊ ရခိုင်ပြည်နယ် အတွင်းမှ ဖြစ်စဉ် (၂)ခု၊ မကွေးတိုင်းဒေသကြီး အတွင်းမှ ဖြစ်စဉ် (၁)ခု၊ တနင်္သာရီတိုင်း ဒေသကြီး အတွင်းမှ ဖြစ်စဉ် (၅)ခု၊ စုစုပေါင်းဖြစ်စဉ် (၁၇)ခုကို ထပ်မံဖော် ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ အမှုဖွင့် အရေးယူနိုင်ရေး အကြောင်းကြားထား ရှိပါသည်။

ဖမ်းဆီးရမိသူ တရားခံ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ ချမ်းမြေ့နိုင်(ခ)မင်းခန့်(ခ)ကျော်စွာ၊ ငြိမ်းထိုက်ဖြိုး(ခ) ချန်ဒူးဝမ်နှင့် မင်းသူတို့(၄)ဦးအား မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ဝင်းထံသို့ ၁၇.၇.၂၀၁၃ ရက်နေ့တွင်သက်သေခံပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police


0 comments: