Saturday, July 6, 2013

ကျွန်းစုမြို့နယ်တွင် မိုးစပါး စိုက်စရိတ်ထုတ်ချေး

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရန် ကျေးရွာ အုပ်စုနှင့် မောင်းလှော်ကျေးရွာ အုပ်စုမှ မိုးစပါး စိုက် တောင်သူ ၂၃၆ဦး၏ စိုက်ဧက (၁၇၆၁ )ဧက အတွက် စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း (၁၇၆၁ ) သိန်းကို ဇူလိုင်လ(၂) ရက်နေ့နှင့် (၃) ရက်နေ့များက မြိတ်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ထုတ် ချေးပေး ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကျွန်းစုမြို့နယ်သို့ ချေးငွေကျပ် သိန်းပေါင်း(၄၂၈၅)သိန်း ထုတ်ချေးရန် လျာထားပြီး ချေးငွေ အားလုံးကို ဇူလိုင်လ အတွင်း ပြီးပြတ် အောင် ထုတ်ချေး သွားမည် ဖြစ်ကြောင်း ဘဏ်မန်နေဂျာ ဦးရွှေဟိုက ဆိုသည်။

ကျွန်းစုမြို့နယ်တွင် ၂၀၁၂ ခုနှစ်က မိုးစပါး စိုက်ဧက ၂၃၅၉၂ ဧက ရှိခဲ့ကြောင်း နှင့် မြို့နယ်အတွင်း ဆန် ဖူလုံမှုမှာ (၆၆.၀၄%) သာ ရှိကြောင်း သိရသည်။
 
 

0 comments: