Saturday, July 13, 2013

မြိတ်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲ ကျင်းပ



၂၀၁၃ခုနှစ် မြိတ်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံ ဘောလုံးပြိုင် ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ပွဲ ကို ဇူလိုင်လ (၁၂)ရက် မွန်းလွဲ(၃)နာရီတွင် မြို့မ အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲကို ၀ိဇ္ဖာ/သိပ္ပံ ညွှန့်ပေါင်း အသင်းနှင့် ဘူမိဗေဒ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီး ညွှန့်ပေါင်း အသင်းက ဘူမိဗေဒ အသင်းအား (၄)ဂိုး(၁)ဂိုးဖြင့် အနိုင် ရရှိသည်။


ဗိုလ်လုပွဲ ပြီးနောက် ဆုချီးမြှင့်ပွဲ ပြုလုပ်ကျင်းပရာ ပြိုင်ပွဲ တလျှောက် အကောင်းဆုံး ဘောလုံးသမား ဆုများနှင့် ရွှေဖိနပ်ဆုများ၊ ပထမ ဒုတိယ ရရှိသော အားကစား သမားများအား လည်ဆွဲ ဆုတံဆိပ်များကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။ ဆက်လက်၍ ပထမဆုရရှိ သော ညွှန့်ပေါင်း အသင်းအား တံခွန်စိုက် ဆုဖလားကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်က ပေးအပ်ချီးမြှင့်ပြီး အခမ်းအနား ရုပ်သိမ်းသည်။

အဆိုပါ ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ ၊ အားကစား ဝါသနာရှင်များ ကြည့်ရှု အားပေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ 


0 comments: