Sunday, July 21, 2013

မိုးကြိုး လျှပ်စီး ၀င်ရောက်၍ ဆက်သွယ်ရေး ဖုန်းလိုင်းများပြတ်တောက်

၂၀-၇-၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန် တနင်္သာရီတိုင်း  ဒေသကြီး၊ ကော့သောင်းမြို့၊ မြန်မာ့ ဆက်သွယ်ရေး အော်တို အိတ်ချိန်း ရုံး၌ ရာသီဥတု ဆိုးရွားပြီး အော်တို အိတ်ချိန်းစက် အတွင်း မိုးကြိုး လျှပ်စီး ၀င်ရောက်၍ မြို့တွင်း လိုင်း ၂၅၆ လိုင်းပါ ဆက်သွယ်ရေး စက်(၁)ခု ချို့ယွင်းခဲ့သဖြင့် ဆက်သွယ်မှုများ ပြတ်တောက် လျက်ရှိပြီး အခြားမြို့များသို့ အဝေးလိုင်း ဆက်သွယ်မှု မရရှိကြောင်း သိရှိ ရသည်။

အလားတူ ကော့သောင်းမြို့ အရှေ့တောင်ဘက် ငါးသုံးလုံး တောင်ကုန်းရှိ စီဒီအမ်အေတိုင်နှင့် အိတ်ချိန်း ရုံး ဆက်သွယ်ထားသော စက်ကိရိယာ(၁)စုံ ချို့ယွင်းခဲ့သဖြင့် စီဒီအမ်အေ ဖုန်းလိုင်းများ ဆက်သွယ်မှု မရရှိကြောင်းနှင့် ပြန်လည် ပြုပြင်နိုင်ရေး အတွက် မြန်မာ့ ဆက်သွယ်ရေးရုံးချုပ်နှင့် တိုင်းဒေသကြီး မန်နေဂျာရုံး (ထားဝယ်)သို့ ဆက်သွယ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

0 comments: