Tuesday, July 2, 2013

အမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာစိုက်ထူခြင်းနှင့် တိုင်းရင်းသား ရိုးရာ အစားအစာ ဈေးရောင်းပွဲတော် ကျင်းပ

ဇူလိုင်လ (၃) ရက်နေ့တွေင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့်  တိုင်းရင်းသား ရိုးရာ အစားအစာ ဈေးရောင်းပွဲတော် ကျင်းပ အခမ်းအနားကို  ဇူလိုင်လ(၂) ရက် နံနက်(၈) နာရီတွင် မြိတ်မြို့ ပုလဲရတနာခန်းမရှေ့၌ကျင်းပရာ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြေစိုက်ပိုစတာဆိုင်းဘုတ်အား မြိတ်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူဝင်းနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့


 ဥက္ကဌ ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီးနောက်  တိုင်းရင်းသားရိုးရာ အစားအစာ ဈေးရောင်းပွဲတော်ကို ပုလဲရတနာခန်းမတွင် ကျင်းပ ခဲ့ကြောင်း သတင်းရရှိပါသည်။ 


0 comments: