Tuesday, July 2, 2013

မြိတ်မြို့၌ နာရေးဝန်ဆောင်မှု အဆောက်အဦသစ် ဖွင့်လှစ်

မြိတ်မြို့နယ်အတွင်း နာရေး ဖြစ်ပေါ်လာပါက ကူညီ ဆောင်ရွက်ပေးမည့် နာရေး ၀န်ဆောင်မှု အဆောက် အအုံ သစ် အား ဆောက်လုပ်ပြီးစီး၍ ဖွင့်ပွဲအား ဇူလိုင်လ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ၄င်း အဆောက် မြိတ်မြို့ တပ်ပြင်ရပ်ကွက် အအုံ တည်ရှိရာနေရာတွင် ပြုလုပ်ခဲ့ပါသည်။ 
အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် တက်ရောက် လာကြသူများက နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် အဂ္ဒမဟာ ဂဏ္ဍဝါစက ပဏ္ဍိတ ဘဒ္ဒန္ဒ ဝိမလ ကန်သာကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး အနုမောဒနာ တရားများနာယူကြ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထိုဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဒမဟာ ဂဏ္ဍဝါစက ပဏ္ဍိတ ဘဒ္ဒန္ဒ ဝိမလ ကန်သာကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

အဆိုပါ နာရေး ၀န်ဆောင်မှု အဆောက်အဦးတွင် နာရေးနှင့် ပတ်သက်သော ၀န်ဆောင်မှုများကို (၁-၇-၂၀၁၃)ရက်နေ့မှ စတင်၍ ၀န်ဆောင်မှုများ စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ နာရေး ၀န်ဆောင်မှု အဆောက်အဦနှင့် အဆောက်အဦးပိုင် ပစ္စည်းများကို အသုံးပြုမှု အတွက် အလှူငွေများကို စေတနာ အလျောက် ထည့်ဝင် လှူဒါန်းနိုင်ကြောင်း သတင်း ရရှိသည်။


0 comments: