Monday, July 8, 2013

စိတ်ကြွဆေးပြား ဖမ်းမိသည့် သတင်း ကောလာဟလသာ ဖြစ်ကြောင်း ဦးစိုးကြီး ဆို

မြိတ်မြို့ အတွင်း လွန်ခဲ့သည့် သတင်းပတ်က ဖြစ်ပေါ်ခဲ့သည့် ဦးစိုးကြီး (ကွမ်းယာဆိုင်) ထံမှ ရန်ကုန်မြို့ လေဆိပ်တွင် စိတ်ကြွမူးယစ် ဆေးပြားများ ဖမ်းဆီးရမိသည်ဟု ဆိုသည့် သတင်းမှာ ၄င်းအား မလိုသူများမှ ထုတ်လွှင့်သည့် ကောလာဟလသာ ဖြစ်ကြောင်း ဦးစိုးကြီးက ပြောသည်။ 


မြိတ်မြို့မှာ မူးယစ် ဆေးဝါးတွေ သုံးစွဲ ရောင်းဝယ်နေတာ မှန်ပါတယ် ဒါကို သက်ဆိုင်တဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ ကလည်း အရေးယူ ဆောင်ရွက် နေပါတယ်။   ယခုတလော မြိတ်မြို့မှာ မဟုတ်မမှန် တဲ့ သတင်း ကတော့ (ကျနော်သတင်းပါ ) ကျနော် ဦးစိုးကြီး ကိုယ်သတင်း ကိုယ်ကြားရမှ တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။ . ဒီသတင်းဘယ်က လာသလဲ  ..  ကျနော် မစုံစမ်းပါ ကျနော် အလုပ် ကျနော် လုပ်ပါ တယ် ဟု ဦးစိုးကြီး (ကွမ်းယာဆိုင်) က ပြောကြားခဲ့သည်။ 

မြိတ်မြို့တွင် လူအများဆုံး like လုပ်ထားသည့် Facebook page တစ်ခု ဖြစ်သော News of Myeik တွင် ဒီတစ်ပတ် အတွင်းမှာ ဘိတ်မှာ လူတွေ အတော်များ များပြောနေတာ ကတော့ ဦးစိုးကြီး ( ကွမ်းယာဆိုင် ) ဟာ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ယူလို့ ရန်ကုန် လေဆိပ်မှာ ပြီးခဲ့တဲ့လကတည်း က ဖမ်းမိ တယ်လို့ တစ်မြို့လုံး နီးပါးပြောနေကြ ပါတယ်။ ဒါပေမယ့် အဲဒီလူဟာ အခုဘိတ် မှာ ရောက်နေပြီလို့ ပြောနေကြတယ်.. မြင်းဆေးတွေ ထောင်နှင့် ချီပြီး ဖမ်းမိ တာကို  လမ်းကြောင်း ရှင်းပြီး ဘိတ်ကို ရောက်နေတယ်လို့ သိရတယ်.. မိဘပြည်သူများ စိတ်ဝင်စားနေတဲ့ အဲဒီသတင်း ကို ကျွန်မ တို့မှာလည်း အဖြေ မရှိဖြစ်နေ ပါတယ်။ ဟု ရေးသား ဖော်ပြထားသည် ။ 

ထိုသို့ ရေးသားချက်နှင့် ပတ်သက်၍ ဦးစိုးကြီးက ယခု အပေါ်က စာဖတ်မိမှ ရေးသူသည် ကောလဟာလ ကြားသတင်း ကို ရေးတယ်ဆို သိရတော့တယ် ၄င်း သတင်းကို ရေးသူသည် ကျနော် ဦးစိုးကြီး ကိုတွေ့ဘူး ပါသလား။  မတွေ့ဘူး မမြင်ဘူးပဲနဲ့ ကောလဟာလ ကြားယုံလေး နဲ့တော့ မရေးသင့်ပါဘူး ကျနော် ဦးစိုးကြီး (၂၀၁၃.၂.ပိုင်း)မှ စပြီး ပင်လယ်ရွာ ရေငံတောင်မှာ လူငယ်ယဉ်ကျေး လိမ္မာသင်တန်းက စပြီး ဆရာတော် Dr အရှင် အာသဘ နှင့် ဓမ္မဒူတ ခရီးသွားနေပါတယ် ။ ကျနော် အလုပ်ကတော့ ကွမ်းယာရောင်းမယ် စားသုံးသူကို အလေးထား ရောင်းမယ် ဥပဒေ နဲ့မကင်းတဲ့ အလုပ်ဘာမှ မလုပ်ပါ ရောင်းရတဲ့ငွေနဲ့ (အမျိုး ဘာသာ သာသနာ) အတွက် လှူမယ် ။ ကျနော်ဦးစိုးကြီးထံ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ဟု ပြောကြားသည်။ 

ဆက်လက်၍ ဦးစိုးကြီးကပင် ၄င်းနှင့် ပတ်သက်ပြီး အဖြစ်မှန် သိချင်ပါက  ဖုန်း ၀၉ ၄၂၂၁၉၇၅၈၆, ၀၁ ၅၄၇၀၈၉, ၀၉၈၇၆၂၉၁၂,  ၀၅၉၄၂၀၅၁,  ၀၉၄၉၈၇၉၃၂၆,  ၀၉ ၇၃၀၁၅၀၇၃  facebook မှာ http://www.facebook.com/U.Soe.Gyi မေးမြန်း စုံစမ်း နိုင်ပါကြောင်းနှင့် နောက် နောင်များ သတင်း ရေးမယ်ဆိုရင် ကိုယ်တိုင် လေ့လာပြီးမှ ရေးပါ ကြားသတင်းတော့မရေပါနဲ့ လို့တောင်းပန်ပါတယ် ဟု ပြောကြားခဲ့သည်။ 


0 comments: