Monday, July 8, 2013

မြိတ်မြို့ မြို့ပတ် ၁ လမ်း နှင့် ရွှေပြည်သာလမ်းမကြီး၏ ချိတ်ဆက်လမ်းတစ်ခုကို ဒေသခံများက စုပေါင်း ဖောက်လုပ်ခဲ့ ကြကြောင်း သိရ

မြိတ်မြို့ မြို့ပတ်(၁)လမ်းနှင့် ရွှေပြည်သာ လမ်းမကြီး၏ ချိတ်ဆက်လမ်း တစ်ခုကို ဒေသခံများက စုပေါင်း ပြီး ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။  မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ချောင်းကူးငယ် ရပ်ကွက်ရှိ ရွှေပြည်သူ လမ်းမကြီးနှင့် တောင်းပြိုရပ်ရှိ မြို့ပတ် (၁)လမ်းကို ချိတ်ဆက် ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကာ အဆိုပါ လမ်းဖောက်လုပ်မှုကို ရပ်မိ ရပ်ဖများ ၊ ရာအိမ်မှူး များနှင့် ဒေသခံများက စုပေါင်းပြီး ဖောက်လုပ်ခဲ့ နိုင်ကြောင်း သိရသည်။

ကျွန်တော်တို့ ဒီလမ်းကို ဖောက်လုပ်ရာမှ မြေကော်စက်တွေ ၊ ယန္တရားတွေ ငှားရမ်း အသုံးပြုခဲ့ရတာပါ။ ချောင်းကူးငယ် ရပ်ကွက်မှာ ရှိတဲ့ လမ်းရန်ပုံငွေကို အသုံးပြုပြီး ဖောက်လုပ်ခဲ့တာပါ။ ဒီမှာ ရှိတဲ့ စေတနာရှင် တွေကလည်း ၀ိုင်းဝန်း လှူဒါန်းကြသလို လုပ်အား လှူဒါန်းတဲ့ ရပ်ကွက်သူ/ သားတွေလည်း ၀ိုင်းပြီး ဆောင်ရွက် ပေးခဲ့တာပါ ။ ရပ်ကွက်က ဆင်းရဲတဲ့ ရပ်ကွက် ဖြစ်ပြီး နှစ်ပေါင်းများစွာ ပိတ်ဆို့နေတဲ့ ချောင်းတွေ မြောင်းတွေ ကိုလည်း ပြန်တူးဖော် ပေးခဲ့တာပါ။ မိုးရာသီ ဆိုရင် ခြင်တွေကြောင့် ဖြစ်တတ်တဲ့ ရောဂါကို ကာကွယ် တားဆီးဖို့ လုပ်ဆောင်ခဲ့ ရတာပါလို့ '' လမ်းဖြစ်မြောက်ရေး အဖွဲ့မှ ဦးစန်းအောင်က ပြောကြားခဲ့သည်။

ယခု ဖောက်လုပ်ခဲ့သော ချိတ်ဆက်လမ်းမှာ ပေ ၃၀ ကျယ်သည့် လမ်း ဖြစ်ပြီး မြိတ်မြို့ မြို့ပတ် (၁) လမ်းနှင့် ချိတ်ဆက် နိုင်ခဲ့သည့် အတွက် ယခင်က ချောင်ကျခဲ့သော ရပ်ကွက်များမှာ ဖွံ့ဖြိုး လာဖွယ် ရှိကြောင်း သိရသည်။ ။ '' ဒီလိုချောင်ကျတဲ့ ရပ်ကွက်တွေ ကလည်း အားလုံး စုပေါင်း ညီညွတ်စွာနှင့် တောင်းပြိုနှင့် ချောင်း ကူးငယ်တို့လို လုပ်ဆောင်သွားဖို့လိုပါတယ် ။ အစိုးရလုပ်ပေးဖို့ စောင့်နေမယ့် အစား ကိုယ့်ဒေသ ကိုယ့်ရပ်ရွာဖွံ့ဖြိုးဖို့ ပြည်သူတွေမှာလည်း အားလုံး တာဝန်ရှိပါတယ်။  ဒီလိုအရှေ့က လုပ်ပြလိုက်လို့ နောက်ထပ် ရပ်ကွက်တွေလည်း ၀ိုင်းပြီး လုပ်လာကြမယ်ဆိုရင် အိမ်ရာတွေလည်း တန်ဖိုးတက်လာမှာဖြစ်သလို ရပ်ကွက်တွေလည်း ဖွံ့ဖြိုးလာမှာပါ '' ဟု ဒေသခံတစ်ဦးမှ သုံးသပ်ပြောကြား ခဲ့သည်။




0 comments: