Thursday, July 25, 2013

မြိတ်မြို့ ၌ စက်မှုသီးနှံဆိုင်ရာ သင်တန်းဖွင့်လှစ်

မြိတ်ခရိုင် စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော စက်မှု သီးနှံဆိုင်ရာ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၅)ရက် နံနက်(၉)နာရီတွင် ခရိုင်စက်မှု သီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီး ဒေါက်တာ ၀င်းအောင်က သင်တန်းဖွင့် အမှာ စကားပြောကြားသည်။

ယင်းနောက် စက်မှု သီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူး ဒေါ်စောရီ က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သင်တန်းသား များမှ တစ်ဦးချင်းမိတ်ဆက်ပြီး အခမ်းအနား ရုပ်သိမ်းပါသည်။

အဆိုပါ သင်တန်းကို ဇူလိုင်လ(၂၅)ရက်မှ (၂၇)ရက်နေ့ အထိ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသား (၁၈)ဦး နှင့် လေ့လာသူ (၅)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

IPRD MYEIK

 


0 comments: