Wednesday, July 3, 2013

မြန်မာ အမျိုးသမီး များနေ့ အခမ်းအနား မြိတ်မြို့၌ ပြုလုပ်ကျင်းပ

၂၀၁၃ခုနှစ် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား ကို ဇူလိုင်လ (၃)ရက် နံနက် (၉)နာရီတွင် မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပပြုလုပ်ရာ  မျိုးဆက်သစ် အမျိုးသမီး ငယ်ရွယ်လေး များက “မွန်မြတ်သော စွမ်းအားရှင်များ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြိတ်ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူဝင်းက မြန်မာ အမျိုးသမီးများနေ့ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ထိုနောက်  မြိတ်ခရိုင်အတွင်း ထူးချွန်အမျိုးသမီးများအား ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။ ဆက်လက်၍ မြိတ်တ္ကသိုလ်အနုပညာဌာနမှ မျိုးဆက်သစ် အမျိုးသမီးငယ်လေးများက “နှင်းဆီရေစီးကြောင်း” အကဖြင့် တင်ဆက်ဖျော်ဖြေကြပြီး မျိုးဆက်သစ် အမျိုးသမီး ငယ်ရွယ်လေးများက “အင်အားသစ် များနှင့်အတူ” တေးသီချင်း ဂုဏ်ပြုသီဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့  မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ ထူးချွန်အမျိုးသမီးများ တက်ရောက်ကြောင်း သတင်းရရှိပါသည်။


0 comments: