Monday, July 8, 2013

တောင်ပေါ်မှမြေပြိုရာ ကျောက်တုံး ၃ တုံး ဆေးရုံပေါ်သို့ကျ

၎-၇-၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက်ကာ ကျေးရွာ ရွာလယ်ပိုင်းရှိ တောင်ပေါ်မှ မြေများ ပြိုကျ၍ ကျောက်တုံး(၃)တုံးသည် တောင်အောက်သို့ လိမ့်ကျခဲ့သည်။ ထိုသို့ လိမ့်ကျသဖြင့် တောင်အောက်ရှိ တိုက်နယ်ဆေးရုံ(ဟောင်း) ၀င်းအတွင်းမှ သူနာပြုဆရာမ နေအိမ်(၃)ခန်းတွဲ၏ အလယ်ခန်း အနောက်ဘက်နံရံ လျှာထိုးပျဉ်(၂၀)ချပ်၊ စုစုပေါင်း 

 
တန်ဘိုးငွေကျပ်(၁၅၀၀၀၀ိ/-)ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

(ရဲဇာနည်)

0 comments: