Wednesday, July 10, 2013

မြိတ်အကျဉ်းထောင် အတွင်းသို့ စိတ်ကြွဆေးပြား ခိုးသွင်းသည့် တပ်သား လက်ပူး လက်ကြပ်မိ


စိတ်ကြွဆေးပြားနှင့် ကျောက်စိမ်းရောင် ချောင်းဆိုးပျောက် ဆေးလုံး (မြိတ်အခေါ် - ကျောက်စိမ်းဆေးလုံး) များအား အကျဉ်းထောင် အတွင်းသို့ ခိုးသွင်းသည့် မြိတ် အကျဉ်းထောင် အကျဉ်းဦးစီး ဌာန ၀န်ထမ်း တပ်သား တစ်ဦးအား အကျဉ်းဦးစီး ဌာန အရာရှိများက စစ်ဆေး ဖမ်းဆီးမိခဲ့ကြောင်း သိရှိသည်။ 


ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နေ့လည် (၂)နာရီ ကျော် အချိန်ခန့်တွင် မြိတ်အကျဉ်းထောင် အတွင်းရှိ ထောင်သားများ အိပ်ဆောင်တွင် တာဝန် ထမ်းဆောင်မည့် အကျဉ်း ဦးစီးဌာန ၀န်ထမ်း တပ်သား မင်းမင်းစိုး (ဘ) ဦးဖြူစိုး ၊ အသက် (၁၉) နှစ်အား ကြီးကြပ်သူ အရာရှိက စစ်ဆေးရာတွင် ၄င်း၏ အတွင်းခံ ဘောင်းဘီ ထဲတွင် ၀ှက်ပြီး သယ်ဆောင်လာသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား (၂) ပြား၊ ကျောက်စိမ်းဆေးလုံး (၃၂၄) လုံးအား ရှာဖွေ တွေ့ရှိသဖြင့် မြိတ်မြို့ မြို့မရဲစခန်းသို့ ပို့အပ်ခဲ့ရာ ရဲစခန်းမှ မူးယစ် (ပ) ၂၈/၂၀၁၃၊ မူးယစ်း ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၅/ ၁၆ (ဂ) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်း ရရှိသည်။ 


0 comments: