Wednesday, July 3, 2013

မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

၂၀၁၃ခုနှစ် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၂)ရက် မွန်းလွဲ(၃)နာရီတွင် မြို့မအားကစားကွင်း၌ ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာများ၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ ၊ ပြိုင်ပွဲဝင် အသင်းများ ၊ အားကစား ဝါသနာရှင်များတက်ရောက် အားပေးကြသည်။ ဖွင့်ပွဲ အခမ်းအနားတွင်   မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်က အမှာစကား ပြောကြားပြီးနောက်  ပြိုင်ပွဲဝင် အားကစား သမားများက အားကစား သစ္စာ အဓိဌာန် ရွတ်ဆိုကြပြီး ဘောလုံးပြိုင်ပွဲ ဆပ်ကော်မတီ 

 
ဥက္ကဌက မြိတ်တက္ကသိုလ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဌထံ ပြိုင်ပွဲ ဖွင့်လှစ် ပေးပါရန် ပြန်ကြားပြီး ပြိုင်ပွဲစတင်ကျင်းပရာ ရူပဗေဒဘောလုံးအသင်းနှင့် ဓာတုဗေဒ ဘောလုံး အသင်းတို့  ယှဉ်ပြိုင် ကစား ကြသည်။ 

အဆိုပါ ပြိုင်ပွဲကို မြိတ်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ ဘောလုံး အသင်း(၆) သင်းဖြင့် ဇွန်လ(၂) ရက်မှ ဇွန်လ(၁၂)ရက်နေ့ အထိ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
 

0 comments: