Saturday, July 20, 2013

မြိတ်မြို့၌ လုံခြုံရေးကင်မရာများတိုးမြှင့်တပ်ဆင်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ရှိ လမ်းမများ ပေါ်တွင် လုံခြုံရေး ကင်မရာ များကို ဓာတ်တိုင် များနှင့် နီးစပ်ရာ အဆောက် အအုံများ၌  တပ်ဆင် ထားကြောင်း သိရသည်။ မီးပွိုင့် များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  ထိန်းသိမ်းရေး အတွက် တပ်ဆင် ထားသော  ကင်မရာ များမှာ CCTV ကင်မရာ အမျိုး အစားများ ဖြစ်ကြပြီး   မြိတ်မြို့ စည်ပင် သာယာရေး ဆိပ်ငယ် ဈေးကြီး အပြင်ဘက်   ရွှေဆိုင်တန်း   လမ်းမကြီး တစ်လျှောက်တွင် ကောင်းစွာ မြင်တွေ့ နိုင်သော CCTV ကင်မရာများ   တပ်ဆင် ထားသည့် အပြင် ဈေးအတွင်း မိမိဆိုင် လုံခြုံရေး အတွက်  ကိုယ်ပိုင် ကင်မရာ များလည်း တပ်ဆင် အသုံးပြုလျက် ရှိကာ   ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၊ Shopping  Center များ၊ စတိုး ဆိုင်များ တွင်လည်း  လုံခြုံရေး ကင်မရာ များကို တိုးချဲ့ တပ်ဆင် ထား၍ လုံခြုံရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

အဆိုပါ  ကင်မရာ များမှ ပေးပို့သော မသင်္ကာ ဖွယ်ရာ ပုံရိပ်များ၊ အရေးပေါ် အခြေ အနေ များကို သက်ဆိုင် ရာကာ ကွယ်ရေး အဖွဲ့မှ   စောင့်ကြည့်၍ နေ့စဉ် မှတ်တမ်း တင်ကာ သိမ်းဆည်း သွားမည် ဖြစ်ကြောင်း သိရသည်။ (မြ၀တီ) ဇူလိုင် (၁၉)ရက်နေ့ထုတ် သတင်းစာမှ 




 

0 comments: