Monday, July 15, 2013

ဆီအိုးကြီး ရှိနေပါသည်

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (သယံဇာတ ကော်မတီ အတွင်းရေးမှူး) ကြီးများ ခင်ဗျာ၊ ဇွန်လ(၂၂) ရက်နေ့ ထုတ် The Messenger Volume,4.No.5 စာမျက်နှာ (၃၄) မှာ “ဆီအိုးကြီး ဘယ်သွားမှာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆီအိုးကြီး ပျောက်ဆုံး နေပြီဖြစ်ကြောင်း ရေးသား ဖော်ပြထား တာ ဖတ်ရလို့ ၀မ်းသာ၊ ၀မ်းနည်း ဖြစ်ရပါတယ်။ စာတစ်ခါမျှ မရေးဖူး ပေမယ့် ကိုယ်သိတာ နားလည် နိုင်သလောက် ကိုယ်စားလှယ် တော်ကြီးနှင့် တာဝန် ရှိနေတဲ့ အထက် အဆင့်ပုဂ်္ဂိုလ်များ သိရှိ နားလည်ကာ ဆီအိုးကြီး ပျောက်ဆုံး နေတာ မဟုတ်ဘဲ အထိုက် အလျောက် လည်ပတ် နေပါတယ်လို့ ရေးသား တင်ပြလိုပါတယ်။


ကျွန်တော့် အနေနဲ့ ဆီအုန်း စိုက်ပျိုးနေတဲ့ နာမည်ငယ်၊ နာမည်လတ်နဲ့ နာမည်ကြီး ကုမ္ပဏီ တွေရဲ့ လက်တွေ့ ဆောင်ရွက် နေမှုမှာ အခက် အခဲမျိုးစုံ ဖြစ်ပေါ်တွေ့ကြုံနေ ရတာတွေကို ရေးသား ဖော်ပြချင် နေတာ ကြာမြင့် နေပြီ ဖြစ်ပါတယ်။ ကိုယ်ရေး လိုက်ရင် အဆီ အငေါ် တည့်ပါ့မလား၊ သူတစ်ပါးကို ထိသွားမှာ လားဆိုတာ စဉ်းစားနေ တာနဲ့ပဲ တော်တော် နောက်ကျ သွားခဲ့ပါတယ်။ အခုမှရေး ဖြစ်သွား တဲ့အတွက် ကိုယ်စား လှယ်တော်ကြီးကို အထူး ကျေးဇူးတင် ရှိပါကြောင်း ၀မ်းသာစွာ ပြောကြား လိုပါတယ်။

ကိုယ်စားလှယ် တော်ကြီးက တနင်္သာရီ တိုင်းဒေသကြီး အတွင်း ဆီအုန်းနဲ့ ပတ်သက်လို့ မြေသယံ ဇာတ မည်ကဲ့သို့ အသုံးချ ထားသည်ကို သိရှိလို၍ ဆီအုန်းခြံ တွေ ကို ထဲထဲ ၀င်ဝင် လေ့လာ လိုက်တဲ့ အခါ ဆီအိုးကြီး ပျောက် ဆုံးနေပြီ ဖြစ်တာကို တွေ့ရပါတယ် ဆိုလို့ ဆီအုန်း စိုက်ပျိုး နေသူ တွေရဲ့အခြေအနေ မှန်ကို တော်တော် များများ သိရှိ နေတဲ့ အတွက် ၀မ်းနည်းခြင်း ဖြစ်ရပါတယ်။

ကိုယ်စားလှယ် တော်ကြီးခင်ဗျာ၊ ကျွန်တော် ဆက်လက် ရေးသား ဖော်ပြတာဟာ အတိုက် အခံလုပ် ချေပပြောဆို ရေးသား နေတာ မဟုတ်ပါဘူး။ ပုဂ်္ဂိုလ် ရေးအရ မုန်းတီးနေသူ၊ မုန်းတီးစေဖို့ ဖန်တီးနေသူ၊ သိက္ခာ ကျအောင် တမင် ရေးသား နေတာ မဟုတ်ဘဲ၊ အခြေ အနေနဲ့ ဖြစ်နေတဲ့ အနေအထား၊ တွေ့ကြုံ နေရတဲ့ အခက် အခဲတွေကို သိရှိ နားလည် သဘော ပေါက်စေဖို့ပါ။ တနင်္သာရီတိုင်း ဒေသ ကြီးမှာ ဆီအိုးကြီး မပျောက် သွားဘဲ ရှိနေပါတယ်။ မိမိ တို့ ရယူထားတဲ့ သယံဇာတ မြေတွေကို ဆထက် တပိုး တိုးတက် စိုက်ပျိုး သွားနိုင်စေရေး၊ ဆီအုန်း စိုက်ပျိုး လိုတဲ့ တစ်နည်း အားဖြင့် စိုက်ချင်လို့ မေးမြန်း လာသူ တွေကို စိတ်ပါဝင်စားစွာ တိုးချဲ့ စိုက်ပျိုး သွားနိုင်စေဖို့ ရည်ရွယ်ရေး သား ဖော်ပြခြင်း ဖြစ်ပါကြောင်း တင်ပြ လိုပါတယ်။

ကိုယ်စားလှယ် တော်ကြီး ရေးသား ဖော်ပြထားတဲ့ မြေရယူ ထားတဲ့ ကုမ္ပဏီ တချို့မှာ စိုက်ပျိုးမှု အားနည်း ခြင်း၊ ဆီကြမ်းလုံးဝ မထွက် သေးခြင်း ဆိုတာဟာ မှန်ကန် ပါတယ်။ တနင်္သာရီ တိုင်းမှာ ဆီအိုးကြီး ဖြစ်ရမယ် ဆိုတဲ့ ကြွေးကြော် သံကို ကျွန်တော် မှတ်မိ သလောက် အနည်းငယ် ရှင်းလင်း တင်ပြလိုပါတယ်။ 

နိုင်ငံတော် အေးချမ်းသာ ယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးသန်း ရွှေက “တနင်္သာရီတိုင်း သည် နိုင်ငံတော် ၏ ဆီအိုးကြီး ဖြစ်ရမည်” လို့ မူဝါဒ ချမှတ် ပေးခဲ့ကာ ဆီအုန်း စိုက်ပျိုးရေး စီမံကိန်းကြီးကို ရေမြေ ရာသီဥတု အလွန် ကိုက်ညီ တဲ့ တနင်္သာရီ တိုင်း ဒေသကြီးမှာ လက်တွေ့ကျကျ အင်တိုက် အားတိုက် အကောင် အထည် ဖော်ဆောင်ရွက် စေခဲ့ပါတယ်။ အဲဒီ စီမံကိန်းကြီးကို ၁၉၉၉ ခုနှစ်၊ ဖေဖော် ၀ါရီလမှာ ဗိုလ်ချုပ်ကြီး မောင်အေး ကိုယ်တိုင် တနင်္သာရီ တိုင်း ခရီးစဉ်မှာ ချမှတ် မွေးဖွား ပေးခဲ့ကာ တိုင်းရင်းသား လုပ်ငန်းရှင် ကြီးတွေက ပူးပေါင်း အကောင် အထည် ဖော်ဆောင် ရွက်ခဲ့ကြပါတယ်။

ကျွန်တော့်ရဲ့အမြင် အရ နာမည်ကြီး ခြံများထဲသို့ သွားရောက် လေ့လာခဲ့တဲ့ အခြေအနေ အရ တွေ့ကြုံ နေကြရတဲ့ အခက် အခဲတွေကို ဆက်လက် တင်ပြလိုပါတယ်။ နိုင်ငံတော် ကချမှတ် ပေးထားတဲ့ မူဝါဒများ အထက်အဖွဲ့ အစည်း အဆင့်ဆင့်မှ ညွှန်ကြား ချက်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ များ၏ အနီးကပ် ကြီးကြပ်မှုကို လေးစား လိုက်နာပြီး ဆောင်ရွက် နေတဲ့ ကုမ္ပဏီများ ရှိနေသလို၊ လေးစား လိုက်နာမှု အားနည်း နေတဲ့ ကုမ္ပဏီ အချို့ ရှိနေတယ် ဆိုတာ မငြင်းလိုပါ။

များသော အားဖြင့် တနင်္သာရီ တိုင်းအတွင်း ရှိ ဆီအုန်း စိုက်ပျိုး ထုတ်လုပ် နေတဲ့ ကုမ္ပဏီ တွေဟာ တကယ်ကို ငွေကုန် ကြေးကျခံကာ အပင်ပန်း အဆင်းရဲ ခံကာ လုပ်ကိုင် နေကြပါတယ်။ တချို့ ခြံကြီး တွေမှာ တစ်ဧက အထွက် နှုန်း ကောင်းကောင်းဖြင့် ဆီသီး ခိုင်များ၊ ဆီကြမ်းများ ထွက်ရှိ နေကာ စားအုန်းဆီများ လည်းထွက် ရှိလျက် အမြတ်စွန်း တွေ ရရှိနေကြပြီ ဖြစ် ပါတယ်။ ကျွန်တော် အခုလို ရေးသား ဖော်ပြနေတာက ဆီ အုန်းခြံတွေ ကို မရောက်ဘဲ ၊မမြင်ရဘဲ ၊ မဆွေးနွေးဘဲ နဲ့ကုမ္ပဏီ တွေရဲ့အကြိုက် ဖော်ပြပေး နေတာ မဟုတ်ပါဘူး။ 

နိုင်ငံခြား (တစ်နည်း အားဖြင့်) အိမ်နီးချင်း နိုင်ငံ ထိုင်းထက် တောင် သာလွန် အောင် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်နေမှု၊ ဘုရား၊ ကျောင်း၊ ဆေးရုံနဲ့ စာသင်ကျောင်းက အစ စနစ်ကျ ဖွဲ့စည်း တည်ဆောက် ထားမှု တွေ့ရှိနေတာ တင် ပြလိုပါတယ်။ ကိုယ်စားလှယ် တော်ကြီး ရေးသား ဖော်ပြ ထားသလို လုံးဝ မစိုက်သေးဘဲ မြေယူထားတဲ့ ကုမ္ပဏီ တွေရှိနေ သေးလို့ တနင်္သာရီ တိုင်း ဒေသကြီး ၀န်ကြီးရုံးက လည်းမြေရယူ စိုက်ပျိုး ထုတ်လုပ် နေတဲ့ ကုမ္ပဏီတွေ ကို စိုက်ပျိုးပြီးတဲ့ ဆီအုန်း တစ်ဧကလျှင် တစ်နှစ် အခွန် တော်ငွေ ကျပ် ၂၀၀၀ ပေး ဆောင်ရန်၊ မစိုက်ရ သေးတဲ့ ကျန်ဧက တွေကို တစ်ဧကလျှင် ၂၀၀၀၀ ကျပ် ပေးဆောင် စေရန်နဲ့ သုံးနှစ် အတွင်း အပြီး စိုက်ပျိုးကြရန်၊ မစိုက် နိုင်ပါက မြေတွေကို ပြန်လည် သိမ်းယူရန်အထိ ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ကြားသိရပါတယ်။

တနင်္သာရီတိုင်း ဒေသကြီး အတွင်းက ကုမ္ပဏီ တွေရဲ့ လက်ရှိ စိုက်ပျိုး ထုတ်လုပ်နေတဲ့ အခြေ အနေ တွေကို ခရိုင် အလိုက် ကျွန်တော် သိရှိ မှတ်သား မိသလောက် တင်ပြလို ပါတယ်။ ထားဝယ် ခရိုင်မှာ ဆီအုန်း စိုက်ပျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီ (၅) ခုရှိပြီး ဧက(၂၈၄၂၃) စိုက်ပျိုး လျက်၊ ဆီသီးခူး ဧက (၁၆၀၅၉)ဧက၊ အထွက်နှုန်း (၀ ဒသမ ၄၁) တန်နှုန်းဖြင့် ဆီသီးခိုင် (၆၅၃၆)တန် ထွက်ရှိ နေပါတယ်။

မြိတ်ခရိုင်မှာ ဆီအုန်း စိုက်ပျိုး ထုတ်လုပ် တဲ့ ကုမ္ပဏီ (၁၈)ခုရှိပြီး၊ ဧက (၄၅၃၇၅) စိုက်ပျိုး လျက်၊ ဆီသီးခူး ဧက (၁၀၁၅၂)ဧက၊ အထွက်နှုန်း (၀ ဒသမ ၄၁) တန်နှုန်းဖြင့် ဆီသီးခိုင် (၄၃၀၈)တန် ထွက်ရှိ နေပါတယ်။ ကော့သောင်း ခရိုင်မှာ ဆီအုန်း စိုက်ပျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီ (၁၇)ခုရှိပြီး ဧက (၂၈၁၄၃၄) စိုက်ပျိုးလျက်၊ ဆီသီးခူးဧက (၇၆၆၇၆) ဧက၊ အထွက်နှုန်း (၁ ဒသမ ၈၃)တန်နှုန်းဖြင့်၊ ဆီသီးခိုင် (၁၄၀၅၀၃)တန် ထွက်ရှိ နေပါတယ်။ တနသာင်္ရီ တိုင်း ဒေသကြီး တစ်ခုလုံး အနေနဲ့ ဆီအုန်း စိုက်ပျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီ(၄၀)ခု၊ စိုက်ပြီး ဧက (၃၅၅၂၃၂)၊ ဆီသီး ခူးဧက (၁၀၂၈၈၇) အထွက်နှုန်း (၁.၄၇)တန် နှုန်းဖြင့် ဆီသီးခိုင် အထွက် တန်(၁၅၁၃၄၇) ထွက်ရှိ နေပြီဖြစ်ပါတယ်။

ထားဝယ် ခရိုင်နဲ့ မြိတ်ခရိုင် အတွင်းက ဆီအုန်း စိုက်ပျိုး နေကြတဲ့ ကုမ္ပဏီ အများစုမှာ များသော အားဖြင့် ဆီကြမ်းမှ ဆီချော ထုတ်လုပ်နိုင်တဲ့ စက်တွေ မရှိကြ သေးတဲ့ အတွက် မိမိခြံမှ ထွက်ရှိ နေတဲ့ဆီကြမ်း တစ်နည်း အားဖြင့် ကုန်ကြမ်း တွေကို ဆပ်ပြာချက် ဖို့အတွက် သာ ရောင်းချ နေကြရကာ ဈေးနှုန်း မှန်မှန် ကန်ကန် နဲ့ရောင်းချ နိုင်မှု မရှိသေးပါဘူး။ 

ယခင် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ပြည့် နှစ် အထိ ဆီကြမ်းဈေး မှာ တစ်ပိဿာ အနိမ့်ဆုံး ကျပ် ၁၄၀၀ ဈေးမှ ၁၆၀၀ အထိ ရောင်းချ ခဲ့ရလို့ ထုတ် လုပ်သူတွေ စရိတ်ကာမိ အမြတ် အစွန်း ရရှိခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ်က စလို့ ယခု အချိန်ထိ ဆီကြမ်း ၀ယ်ယူနေတဲ့ ကုမ္ပဏီတွေ နည်းပါးလာ တဲ့အတွက် ဆီကြမ်း ဈေးနှုန်းကို အရည်အသွေး အမျိုးမျိုး ထားပြီး ၀ယ်ယူ နေကြပါတယ်။

ဆီကြမ်း တစ်ပီပါ (ပိဿာ - ၁၁၀) လျှင် ထုတ်လုပ်မှု စရိတ်မှ (၈၃၈၁၇) ကျပ် ကုန်ကျနေပြီး ရောင်းချ နေရ သည့် ဈေးနှုန်းမှာ ဆီကြမ်း(၁) ပီပါလျှင် (၉၀၇၅၀) ကျပ်သာ ရရှိနေတဲ့ အတွက် ဆီကြမ်း တစ်ပီပါလျှင် (၆၉၃၃) ကျပ်သာ အမြတ် ရရှိနေပါတယ်။ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု စရိတ်၊ အလုပ်သမား စရိတ်၊ ၀န်ထမ်း စရိတ် နဲ့ အထွေထွေ ကုန်ကျ စရိတ်တွေ ကိုပါ ထည့်သွင်း တွက်ချက် ပါက အမြတ် မရှိကြဘဲ အရှုံးပေါ် နေကြပါတယ်။

နောက် တစ်ချက်က ဓာတ်မြေသြဇာ ဈေးနှုန်းနဲ့ အရည်အသွေး မှီတာ မမှီတာ မသေချာပေမယ့် ဈေးကြီး ပေးဝယ် နေရပါတယ်။ (ကွန်ပေါင်း - 12:12:17:2.TE တစ်အိတ် ၅၀ ကီလို ကျပ် ၃၂၀၀ ရှိပါတယ်။) အလုပ် သမား လွန်စွာ ရှားပါး လာတဲ့အတွက် ပေါင်းရှင်း တာက အစ ဆီသီးခူး၊ ဆီကြိတ် တဲ့ အထိ အင်တိုက် အားတိုက် မလုပ်ကိုင် နိုင်ကြပါဘူး။ ကျွမ်းကျင် အလုပ်သမား တွေဟာ လည်း အိမ်နီးချင်း နိုင်ငံတွေကို ရောက်ရှိ ကုန်ပါတယ်။ အထွေထွေ စရိတ် ကလည်း ကြီးမြင့် နေပါတယ်။ 

ထား ၀ယ်-မြိတ်-ကော့သောင်း သွား ပြည်ထောင်စု လမ်းမကြီး ကလည်း မကောင်းမွန် တဲ့အတွက် သယ်ယူ ပို့ဆောင် ရေးနဲ့ သွားလာရေး တွေမှာ ခက်ခဲ နေပါတယ်။ နောက် တစ်ချက်က ထိုင်းနိုင်ငံ တာချီလိတ် ဘက်မှ စားသုံးဆီ ခဲများကို ပြည်တွင်း အရောက် ဈေးနှုန်း ချိုသာစွာနဲ့ ရောက် ရှိရောင်းချနေ တာတွေ ရှိနေတယ်လို့ ကြားသိ နေရပါတယ်။ အဲဒီ သတင်းတွေ မှန်ကန် တယ်ဆိုရင် တားဆီးပိတ်ပင် ပေးဖို့ လိုအပ်နေပါတယ်။ အဲဒီအချက် တွေကြောင့် ဆီ အုန်းစိုက်ပျိုး နေတဲ့ ကုမ္ပဏီတွေ၊ ဆက်လက် စိုက်ပျိုးလို တဲ့ ကုမ္ပဏီတွေနဲ့ တစ်ပိုင် တစ်နိုင် စိုက်ပျိုးလိုတဲ့ တောင် သူတွေဟာ မ၀ံ့မရဲ မစွန့်စားရဲ ဖြစ်နေကြတာကို တင်ပြလိုတယ်။ 

ဦးကံညွန့်
messengernewsjournal မှ ကူးယူဖော်ပြပါသည်။ http://www.messengernewsjournal.com/article/detail.php?id=3841



0 comments: