Saturday, August 17, 2013

မြိတ်မြို့တွင် နိုင်ငံခြားသားများအား နေအိမ်များတွင် တရားမ၀င် ညအိပ် တည်းခိုစေမှုများ မရှိရေး ထိန်းသိမ်းရန် လိုအပ်

ယခုရက်ပိုင်း အတွင်း မြိတ်မြို့တွင် နိုင်ငံခြားသားများ ၀င်ထွက်မှု များနေပြီး အချို့မှာ ရပ်ကွက်များတွင် တရားမ၀င် ညအိပ်တည်းခိုသည် အထိ အတင့်ရဲလာသဖြင့် မြို့လုံခြုံရေး ထိခိုက်လာနိုင်ဖွယ်ရာ အလား အလာများ ရှိနေပါသည်။


(၁၀-၈-၂၀၁၃) ရက်နေ့တွင် မြိတ်မြို့ ကန်ဖျား ရပ်ကွက်တွင် တာဝန်ရှိ အဖွဲ့အစည်းများအား သတင်းပေးပို့မှု၊ ဧည့်စာရင်းတိုင်ကြားမှု မရှိဘဲ နိုင်ငံခြားသား (၃) ယောက် တစ်ညအိပ် တည်းခိုသွားခြင်းကြောင်း သက်ဆိုင်ရာမှ စိစစ်ပြီး မြို့နယ်တရားရုံးတွင် တရားစွဲတင် အရေးယူထားကြောင်း သိရှိရသည်။

မြိတ်မြို့သူ မြို့သားများ အနေဖြင့် နိုင်ငံခြားသားများအား နေအိမ်တွင် တရားမ၀င် ညအိပ် တည်းခိုခွင့် ပြုခြင်းမှာ ယုံကြည်မှု လွန်ကဲရာ ကျရောက်ပြီး နိုင်ငံကြီးသား ပီပီ ဆင်ခြင်တုံတရား လက်ကိုင်ထား ဆောင်ရွက်သင့် ပါသည်။



0 comments: