Saturday, August 31, 2013

မြိတ်မြို့နယ် ပန်းချီ ၊ ပန်းပု အစည်းအရုံး ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ပန်းချီ ၊ ပန်းပု အစည်းအရုံးမှ မြိတ်ခရိုင် မြိတ်မြို့နယ် ပန်းချီ ၊ ပန်းပု အစည်းအရုံး ဖွဲ့စည်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ(၃၀)ရက် နေ့လည်(၁)နာရီက မြိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြန်မာနိုင်ငံ ပန်းချီ ၊ ပန်းပု အစည်းအရုံး(ဗဟို) ဥက္ကဌ ဦးမောင်မောင်လှမြင့်တို့က အမှာစကားပြောကြားကြသည်။ ယင်းနောက် မြန်မာနိုင်ငံ ပန်းချီ ၊ ပန်းပု အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးနီပိုဦး က မြိတ်မြို့နယ် ပန်းချီ ၊ ပန်းပု အစည်းအရုံး ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြိတ်မြို့နယ် ပန်းချီ ၊ ပန်းပု အစည်းအရုံးက ရွေးချယ် တင်မြောက်ထားသော အလုပ် အမှုဆောင်အမည်စာရင်းကို ဦးထွန်းဝင်းက အတည်ပြုဖတ်ကြားပြီး မြန်မာနိုင်ငံ ပန်းချီ ၊ ပန်းပု အစည်းအရုံး (ဗဟို)မှ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးအား ဂုဏ်ပြု ရင်ထိုးပေးအပ်ပြီး မြိတ်မြို့နယ် ပန်းချီ ၊ ပန်းပု အစည်းအရုံးသို့ ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။

ထိုနောက် မြိတ်မြို့နယ် ပန်းချီ ၊ ပန်းပု အစည်းအရုံး ဥက္ကဌ ဦးကျော်စိုး က ကျေးဇူးတင်စကားပြောကြား ၍ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: