Thursday, August 22, 2013

တန်ဖိုးနည်း GSM တယ်လီဖုန်းများအား မြို့နယ်အလိုက် ရောင်းချရာ၌ လူဦးရေကို အခြေခံပြီး ခွဲတမ်းချ ရောင်းချပေးရန် မြိတ်လူထု ဆန္ဒရှိ




၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တန်ဖိုးနည်း မိုဘိုင်း ဖုန်းများ ဆက်လက် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ရာ တနင်္သာရီတိုင်း ဒေသကြီး၌ CDMA 800 ဖုန်းလိုင်း (၂၀၀၀)နှင့် GSM ဖုန်းလိုင်း (၆၀၀၀) စုစုပေါင်း ဖုန်းလိုင်း (၈၀၀၀) ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ အတွင်း တနင်္သာရီတိုင်းအတွင်း GSM တယ်လီဖုန်းလိုင်း (၃၀၀၀) ရောင်းချပေးရာတွင် တစ်မြို့နယ်လျှင် အလုံး (၃၀၀) နှုန်းဖြင့် (၁၀)မြို့နယ် အတွက် (၃၀၀၀) ခွဲဝေ ရောင်းချပေးခဲ့သည်။ ထိုသို့ ခွဲဝေ ရောင်းချရာတွင်လည်း တစ်မြို့နယ်ချင်းအလိုက် ပြည်သူ ၁၅၀)လုံး၊ တပ်+ ဌာနဆိုင်ရာ (၁၅၀) လုံး အသီးသီး ခွဲဝေ ရောင်းချခဲ့သည့် အတွက် ပြည်သူများ လက်ဝယ် ရောက်ရှိခဲ့သည့် ဖုန်းမှာ တစ်မြို့နယ်လျှင် (၁၅၀) ခန့်သာ ရှိခဲ့သည်။ 


ဇူလိုင်လအတွင်း ခွဲဝေ ရောင်းချပေးသည့် ဖုန်းခွဲတမ်းများမှာ အိမ်ထောင်စု အချိုးဖြင့် တွက်ကြည့်ရာ မြိတ်မြို့နယ်တွင် မြို့ပေါ် အိမ်ထောင်စု (၁၈၀၀၀) ကျော်တွင် အလုံးရေ (၃၀၀)၊ ကျွန်းစုမြို့နယ်တွင် မြို့ပေါ် အိမ်ထောင်စု (၆၀၀) ကျော်၌ အလုံးရေ (၃၀၀) ၊ ပုလောမြို့နယ်မြို့ပေါ် အိမ်ထောင်စု (၄၃၀၀) ကျော်၌ အလုံးရေ (၃၀၀)၊ တနင်္သာရီ မြို့နယ်တွင် မြို့ပေါ် အိမ်ထောင်စု (၈၀၀)ကျော်တွင် အလုံးရေ (၃၀၀) ချထား ခွဲဝေ ပေးခဲ့သည့် အတွက် ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်များတွင် ပိုလျှံခဲ့ပြီး မြိတ်နှင့် ပုလောမြို့နယ်များတွင် ဆင်ပါးစပ် နှမ်းပက်သလို သာ ဖြစ်ခဲ့ကြောင်း သိရသည်။

ယခု သြဂုတ်လ အတွင်း ခွဲဝေ ရောင်းချပေးမည့် GSM တယ်လီဖုန်းများ ရောင်းချပေးရာတွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့် မြို့နယ်များ အလိုက် ခွဲတမ်းချ ခွဲဝေ သတ်မှတ်ပေးရာတွင် လူဦးရေအလိုက် ခွဲတမ်းချ ရောင်းချရန် မြိတ်သူ မြိတ်သားများက မျှော်လင့်လျက် ရှိသည်။ 







0 comments: