Tuesday, August 13, 2013

တနင်္သာရီမြို့၌ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများမှ စုပေါင်းပြီး စာရေး ကိရိယာများ ထောက်ပံ့

ချို့တဲ့ ကျောင်းသူ/ သားများ စာရေး ကိရိယာများ အဆင်ပြေစေရန် ရည်ရွယ်လျက် တနင်္သာရီမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးသည့် မောင်ကျော်ဝေယံ နှင့် သူငယ်ချင်း (၁၃)ဦး တို့သည် မိမိတို့၏ စေတနာ အလျှောက် စုဆောင်း ထည့်ဝင်ငွေ( ၈၅၅၀၀-ကျပ်)ဖြင့် စာရေး ကိရိယာများ ၀ယ်ယူ၍ သြဂုတ်၁၀ ရက် မွန်းလွဲ(၁၃း၃၀)နာရီ အချိန် တနင်္သာရီမြို့ ချောင်းငယ်ရပ် ကွက် တပ်ဦးရွာ အခြေခံပညာ မူလန်းကျောင်းရှိ ၂၀၁၃-၁၄ ပညာ သင်နှစ်တွင် ပညာ သင်ကြား နေသော 


သူငယ်တန်းမှ တတိယတန်း အထိ ချို့တဲ့ ကျောင်းသူ/သား (၅၀)ဦး အတွက် တစ်ဦးလျှင် လေးကြောင်း မျဉ်းပါ ဗလာစာအုပ်(တစ်) ဒါဇင်စီနှင့် ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ခဲတံချွန်ဓါး တို့အား ကိုယ်တိုင် သွားရောက်လျက် ထောက်ပံ့ ပေးအပ်ကြရာ ကျောင်းအုပ် ဆရာမ ဒေါ်ညိုညိုထွန်း မှ ယခုကဲ့သို့ စာနာသိတတ်စွာ စာရေး ကိရိယာများ လာရောက် ထောက်ပံ့ပေးကြသည့် အတွက် များစွာ ဂုဏ်ယူ ၀မ်းမြောက် ပါကြောင်းနှင့် မှတ် တမ်းတင် ပါကြောင်း ချီးမွှန်း စကားပြန်လည် ပြောကြားသည်ဟု သိရှိရသည်။


0 comments: