Monday, August 5, 2013

မြိတ်မြို့၌ ကုန်သွယ်မှု မြင့်တင်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကုန်သွယ်မှု မြင့်တင်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး အစည်းအဝေးကို သြဂုတ်လ (၄)ရက် နံနက် (၉)နာရီတွင် မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ စီမံ/စီးပွား ၀န်ကြီး ဦးသိန်းလွင်က အမှာစကား ပြောကြားသည်။


ယင်းနောက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် နယ်စပ် ကုန်သွယ်ရေး စခန်း (မြိတ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုး တို့က ကုန်သွယ် ဆောင်ရွက်မှု ပမာဏများ နှင့် ကုန်သွယ်မှု မြင့်တင်ရေး၊ တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေးအကြောင်း ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ မြိတ်ခရိုင် ပို့ကုန်/သွင်းကုန် လျာထားချက်ပြည့်မီကျော်လွန်ရေး ကော်မတီ ဥက္ကဌ ဦးကြည်စန်း နှင့် တက်ရောက် လာကြသော ဌာနဆိုင်ရာများ၊ ကုန်သည် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက ကုန်သွယ်မှု ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထိုနောက် နယ်စပ် ကုန်သွယ်ရေးစခန်း (မြိတ်)မှ လက်ထောက်ညွှန် ကြားရေးမှူး က ဆွေးနွေးချက်များအပေါ် ကုန်သွယ်မှု မြင့်တင်ရေး အတွက် သုံးသပ်တင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ စီးပွား ၀န်ကြီး ဦးသိန်းလွင်က နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေး ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
 IPRD MYEIK



0 comments: