Saturday, August 31, 2013

နိုင်ငံခြားသားများ ခရီးသွားလာရေး စိစစ် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံခြားသားများ ခရီးသွားလာရေး စိစစ်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၃၀)ရက် နံနက်(၉)နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက တနင်္သာရီ တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားများ ၀င်ထွက် သွားလာခွင့်နှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ အကြံပြုချက်များကို ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် မြိတ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးလှစိုးက နိုင်ငံခြားသား ဧည့်သည်များ ခရီးသွားလာခြင်း ဆိုင်ရာ ဥပဒေပြဌာန်းချက်များ အကြောင်းကို ရှင်းလင်းတင်ပြပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စီစီလှဘူးက နိုင်ငံခြားသားများ ခရီးသွားလာခြင်းတွင် အဆင်ပြေ ချောမွေ့စေရေး အတွက် ဧည့်လမ်းညွှန် အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာစကားများ သင်တန်းဖွင့်လှစ်နိုင်ရေး အကြောင်းတို့ကို ရှင်းလင်း တင်ပြသည်။


ဆက်လက်၍ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင် က နိုင်ငံခြားသား ထိန်းသိမ်း စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းတာဝန်များ အကြောင်းဆွေးနွေး ပြောကြားပြီး တက်ရောက် လာကြ သော ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံခြားသားများ ခရီးသွားလာရေး စိစစ်ဆောင်ရွက်နိုင်ရေး အတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်း အဝေး ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


0 comments: