Saturday, August 24, 2013

မြိတ်မြို့၌ အရှေ့ တောင် အာရှ အားကစားပြိုင်ပွဲအကြို ဟောပြောပွဲ ကျင်းပ

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်း အကြို ဟောပြောပွဲကို သြဂုတ်လ(၂၃) ရက် နေ့လည်(၁)နာရီ၌ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းတွင် ကျင်းပရာ မြိတ်ခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင် ဦးစီး အရာရှိ ဒေါ်လှလှဌေးက ကျောင်းသား/ သူများအား ပညာသင်ချိန် တွင် ရည်မှန်းချက် မြှင့်မားသော ကျောင်းသား/ သူများ ဖြစ်စေရေး၊ လူငယ်နှင့် အားကစား၊ အားကစားဖြင့် နိုင်ငံ့ ဂုဏ် ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်တင်နိုင်ရေး အကြောင်း၊ သိကောင်းစရာများကို ရှင်းလင်း ပြောကြားသည်။




ယင်းနောက် မြိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းရှိန်က ဒီဇင်ဘာလ (၁၁)ရက်မှ(၂၂)ရက် အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံ အဖြစ်ကျင်းပမည့် အရှေ့တောင် အာရှ ဆီးဂိမ်း အားက စားပြိုင်ပွဲ အကြောင်း သိကောင်းစရာများ၊ မြန်မာ့အားကစား သမိုင်းအကြောင်းတို့ကို ရှင်းလင်းပြော
ကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ် ဆရာမကြီး ကိုယ်စား အထက်တန်းပြ ဆရာမ ဒေါ်သိန်းသိန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ကျောင်းသား ကျောင်းသူ (၃၅၀)ဦးခန့် တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

IPRD MYEIK

0 comments: