Tuesday, August 27, 2013

မြိတ်မြို့၌ ကျေးလက်ဒေသ ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ရေငန်ငါး/ ပုစွန် မွေးမြူရေး သင်တန်း အမှတ်စဉ် (၁/၂၀၀၃) ဖွင့်လှစ်

ကျေးလက်ဒေသ ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ရေငန်ငါး/ ပုစွန် မွေးမြူရေး သင်တန်း အမှတ်စဉ် (၁/၂၀၀၃)ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၂၆) ရက် နံနက်(၈)နာရီတွင် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးထွန်းဝင်းမြင့်တို့က အမှာစကားပြောကြား ကြသည်။ ယင်းနောက် မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးမြင့်ရွှေ က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

သင်တန်းတွင် ရေငန်ငါး/ ပုစွန် မွေးမြူရေး စာတွေ့ လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ လက်တွေ သင်ကြားရေးပိုင်း အနေဖြင့် ကကတစ်သားပေါက် စခန်းများ၊ လှောင်အိမ်ဖြင့် ကကတစ် အသားတိုး မွေးမြူခြင်း လုပ်ငန်း ၊ ပြင်ထပ်အော်ရေငန်ငါး သုတေသန စခန်း၊ လှောင်အိမ်ဖြင့် ကျောက်ငါး မွေးမြူခြင်း လုပ်ငန်း များသို့ ကွင်းဆင်းလေ့လာ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းကို သြဂုတ်လ(၂၆)ရက်မှ စက်တင်ဘာလ(၆)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေး သွားမှာဖြစ်ပြီး သင်တန်းသား(၄၀)ဦးတက်ရောက်ခဲ့ကြသည်။ ၄င်းသင်တန်းကို ကျေးလက်ဒေသ ငါး/ပုစွန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်နိုင်ငံလုံးမှာ တစ်ပြိုင်တည်း ဖွင်လှစ်ကြကြောင်း သတင်းရရှိသည်။

IPRD MYEIK



0 comments: