Tuesday, August 20, 2013

မြိတ်မြို့၌ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေး




ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ(၁၉)ရက် မွန်းလွဲ (၃)နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်း ရှင်များနှင့် တည်းခိုခန်းလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက အမှာ စကားပြောကြားရာတွင် တိုင်းဒေသ အတွင်းရှိ စက်မှုဇုံများနှင့်ရေနက် ဆိပ်ကမ်းတို့ကို နိုင်ငံခြားသားများ လာရောက်လျက်ရှိသည့် အတွက် ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ် လုပ်ငန်း အချက်အလက်များကို စုဆောင်းပြီး စာအုပ်ထုတ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏လုပ်ငန်း ဆိုင်ရာ အချက်အလက်များ ကို ရေးသားပြုစုပေးနိုင်ရေးနှင့် တိုင်းဒေသကြီးသည် ခရီးသွား လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်း များဖွံ့ဖြိုး တိုးတက် လာတော့မည်ဖြစ်သောကြောင့် ဟိုတယ်သင်တန်းဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်များကို ရှင်းလင်းပြောကြားသည်။
 
ယင်းနောက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနှင့် ပတ်သက် သည်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းရှင်များက မိမိတို့ ဟိုတယ်မှ ၀န်ဆောင်မှုပေး လျက်ရှိသည့် လုပ်ငန်းများရှင်းလင်းတင်ပြပြီး သိလိုသည်များ မေးမြန်းကြရာ တိုင်းဒေသကြီး ၀န်ကြီး နှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးတို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်း ရရှိသည်။

IPRD MYEIK


0 comments: