Tuesday, August 20, 2013

မြိတ်မြို့တွင် စိတ်ကြွဆေးပြား ဖမ်းဆီးမိ

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၅ နာရီ ခွဲ အချိန်ခန့်တွင် မူးယစ် အထူးအဖွဲ့နှင့် မြိတ်မှုခင်း တပ်ဖွဲ့မှ မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့် အတူ မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက်ရပ် ကုန်းဖောက် (၅)လမ်းနေ သန်းစိုး (၃၉)နှစ်၊ (ဘ) ဦးအောင်သင်း ၊ ၆/မအရ(နိုင်) 098602 ၊ တက္ကစီမောင်း ၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ wy စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၃၆)ပြား၊ ဘိန်းစာမှု့ (၉၀) ဂရမ် (၁)ထုပ်၊ စုစုပေါင်းတန်ဖိုး (၂)သိန်း (၇) သောင်းနှင့် ငွေသား (၃၈၀၀၀) ကျပ်အား သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိသည့် တရားခံ သန်းစိုးအား မြိတ်မြို့ မြို့မ ရဲစခန်းမှ မူးယစ်(ပ)၄၁/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့် တရားစွဲထားကြောင်း သတင်းရရှိသည်။
 

0 comments: