Friday, August 16, 2013

မြိတ်မြို့ သားဖွား သင်တန်းကျောင်း၌ အခြေခံတိုင်းရင်းဆေးပညာ (ရက်တို) သင်တန်းဆင်ပွဲ ကျင်းပ



မြိတ်ခရိုင် တိုင်းရင်း ဆေးပညာ ဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ နှင့် အမျိုးသမီးရေးရာ အဖွဲ့ တို့ပူးပေါင်း ဖွင့်လှစ်သော အခြေခံ တိုင်းရင်းဆေးပညာ (ရက်တို) သင်တန်း ဆင်းပွဲကို သြဂုတ်လ(၁၅)ရက် ညနေ (၄)နာရီတွင် သားဖွား သင်တန်းကျောင်း ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူဝင်း အမှာစကားပြောကြားသည်။

ယင်းနောက် မြိတ်ခရိုင် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူး ဒေါ်ဝါ၀ါနှင့် တာဝန်ရှိသူများ သင်တန်းဆင်း လက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြား၍ အခမ်းအနား ရုပ်သိမ်းသည်။

အဆိုပါ သင်တန်းကို သားဖွား သင်တန်းကျောင်းမှ သင်တန်းသူ(၅၇)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ (၃) ရက်ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။
IPRD MYEIK


0 comments: