Monday, August 12, 2013

မြိတ်မြို့ ကမ်းနာလမ်းတွင် အားကစား လေ့ကျင့်ရေးပစ္စည်း အသစ်တစ်ခု တပ်ဆင်ထား

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ အားလပ် ချိန်များ၌ ကျန်းမာရေး အတွက် လမ်း လျှောက်ခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ အားကစားပါသူများ အကြောလျော့လေ့ကျင့်ခြင်းများ ပြုလုပ်နိုင်ရန် အတွက် ခြေနင်း လမ်းလျှောက်ခုံများ၊ ဆုံလည်ခုံများ၊ ခြေနင်း ခါးလှည့်ခုံများ၊ လက် ကျန်းမာရေးပြုလုပ်ရန် လက်လှဲ့ ကိရိယာများ၊ လက်ရမ်းများ စသော အကြောလျှောကိရိယာများကို မြိတ်လေဆိပ် အနီး လမ်းမကြီး နံဘေးပန်ခြံ တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့မှ တပ်ဆင်ဆောင်ရွက်ထား ရှိသည်။

အဆိုပါ အားကစား ပစ္စည်းများ တပ်ဆင်ထား ခဲ့သောကြောင့် နေ့စဉ် လမ်းလျှောက်သူများ၊ အပြေး လေ့ကျင့်သူများ အားကစား ပါသူများက ကလေး လူကြီးများပါ ၀င်ရောက် ကစားကြသဖြင့် နေ့စဉ် အားကစား လေ့ကျင့်သူများ များပြားလျက် ရှိသော မြိတ်မြို့ ကမ်းနားလမ်း တွင်လည်း အားကစားလေ့ကျင့်ရေး ပစ္စည်းများ အသစ် တစ်ခုကို မြန်အောင်ရပ် ကမ်းနားလမ်းတွင် တိုးချဲ့ဆောင်ရွက် ခဲ့ကြသဖြင့် လမ်းလျှောက်သူများ အပြေး လေ့ကျင့်သူများ၊ အားကစားပါ သူများ အကြောလျော့လေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ 


0 comments: