Monday, August 26, 2013

မြိတ်မြို့၌ ပုဂ္ဂ္ဂ္ဂ္ဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ(မူကြမ်း) အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး ပုဂ္ဂ္ဂ္ဂ္ဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ(မူကြမ်း) အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၂၅)ရက် နံနက်(၉)နာရီတွင် မြိတ်မြို့ ကျွန်းရတနာအစည်းအဝေး ခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ ဌာဆိုင်ရာများ၊ ရေယာဉ် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်းက အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးတွင် ရေယာဉ်လုပ်ငန်းဆောင်ရွက်နေသူများအား တိုင်းဒေသကြီး ရေကြောင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေး အဖွဲ့မှ ရေယာဉ် အသင်းအဖွဲ့များ ဖွဲ့စည်းပေး သွားမည်ဖြစ်ကြောင်း ၊ ရေယာဉ် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ စည်းကမ်း စနစ်တကျ ဖြစ်စေရန် ဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီး လွတ်တော်သို့ တင်ပြ၍ ဥပဒေ နည်းဥပဒေများ ပြဌာန်း ဆောင်ရွက်ပြီး ပုဂ္ဂ္ဂ္ဂ္ဂ္ဂလိက လုပ်ငန်းဆောင်ရွက်မှု အခန်းကဏ္ဍကို မြင့်တင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထွေးက ရေယာဉ် အသင်းအဖွဲ့များကို အချိန်မီ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသော ရေယာဉ် လုပ်ငန်းရှင်များက သိလိုသည် များ မေးမြန်းကြရာ တိုင်းဒေသကြီး ၀န်ကြီးနှင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတို့က ပြန်လည် ရှင်းလည်းပြော ကြားပြီး အစည်းအဝေးရုပ်လိုက်ကြောင်း သတင်းရရှိသည်။
IPRD MYEIK


0 comments: