Saturday, August 31, 2013

ရေကန်တောင်ကျေးရွာတွင် ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းဖွင့်လှစ်



ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် ယဉ်ကျေး လိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကို သာသနာ့ ဝေပုလ္လ ကျောင်းတိုက်၌ သြဂုတ်လ(၂၈)ရက်နေ့ နံနက်(၇း၃၀)တွင် ဖွင့်လှစ်သင်ကြားလျက် ရှိသည်။

အဆိုပါ သင်တန်းကို ဆရာတော် ဓမ္မစရိယ ဘဒ္ဒန္တ တေဇောလင်္ကာရ ဦးဆောင်၍ သင်ကြားပေးလျက်ရှိ သည်။ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကို ကျောင်းသား/သူ (၄၆၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ၄င်းသင်တန်းကို အပတ်စဉ် အဖိတ်နေ့ နံနက်(၇း၃၀)နာရီမှ (၉း၃၀)နာရီအထိ သင်ကြား သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: