Wednesday, August 21, 2013

မြိတ်မြို့တွင် နိုင်ငံတော် ဘာသာနေ့ အခမ်းအနား ပြုလုပ်ရန်အတွက် နိုးဆော် ဖိတ်ကြားလျက် လျက်ရှိ




၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့ကို နိုင်ငံတော် ဘာသာနေ့ အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် အဖြစ် အခမ်းအနားများ ပြုလုပ်ကြရန် နိုးဆော် ဖိတ်ကြွှားလွှာ များကို သြဂုတ်လ ဒုတိယပတ်မှ စတင်၍ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးရှိ နေအိမ်များအား လိုက်လံဝေငှခြင်းများ၊ လဘက်ရည်ဆိုင်များ ၊ လူစည်ကားသည့် နေရာများ အနှံ့အပြားတွင် လိုက်လံ နိုးဆော်ဝေငှလျက် ရှိသည်။


အဆိုပါ နိုးဆော် ဖိတ်ကြားလွှာတွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အတည်ပြု သတ်မှတ် ပြဋ္ဌာန်းခဲ့ခြင်း (၅၂)နှစ်မြောက် အဖြစ် နိုင်ငံတော် ဘာသာနေ့ အဖြစ် အခမ်းအနားများ ပြုလုပ်ကြရန် တိုက်တွန်းထားပြီး ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် အမျိုးသာဘာ- သာသနာနှင့် နိုင်ငံတော်ကို မြတ်နိုး တန်ဖိုးထား၍ ကာကွယ် စောင့်ရှောက်လို စိတ်များ နိုးကြား ထက်သန်ကြစေရန်၊ ယဉ်ကျေးသော ဘာသာ တရား အဆုံးအမများကို လိုက်နာ၍ ကုသိုလ်ကောင်းမှုများကို ဆောင်ရွက်နိုင် ကြစေရန်၊ ဗုဒ္ဓဘာသာဝင်များ၏ စည်းလုံး ညီညွတ်သော စိတ်ဓါတ် အင်အားကို မေတ္တာ တရားဖြင့် တည်ဆောက်၍ ဘာသာ အချင်းချင်း လေးစားသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ရေးသား ထားသည်။ ယင်းအခမ်းအနားများကို သြဂုတ်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ ၃-ရက်တိုင် ပြုလုပ် သွားမည်ဟုလည်း သိရသည်။

ထို နိုင်ငံတော် ဘာသာနေ့ အခမ်းအနားကို သြဂုတ်လ (၂၆) ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး အကြိုနေ့ အနေဖြင့် (၂၅) ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး သာသနာ့ အလံများ လွှင်ထူပြီး (၂၇) ရက်နေ့ မွန်းလွဲပိုင်းတွင် သာသနာ့ အလံတော်များ ပြန်လည် သိမ်းဆည်းရန်၊ (၂၆) ရက်နေ့တွင် ဥပုသ် သီတင်း သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊  တိရစ္ဆာန်တွေကို ဘေးမဲ့ပေးခြင်း၊ စုပေါင်း ပရိတ် ရွတ်ဖတ်ခြင်း၊ တရား ဓမ္မဟောပြောပွဲများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 



0 comments: