Friday, August 23, 2013

ကမ်းကြီးကျေးရွာမှ ကျွန်းစုမြို့ပေါ်သို့ သီးခြားလမ်းတစ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် မရှိ



ပထမအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ (၂၀.၈.၂၀၁၃) အစည်းအဝေးတွင် ဒေါ်တင်တင်ရီ (ကျွန်းစုမဲဆန္ဒနယ်)က ၁၉၉၃ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး ရေတပ်ဌာနချုပ်မှ အဆိုပါ ကမ်းကြီး ကျေးရွာရှိ မြေအချို့ကို သိမ်းဆည်း ၍ တပ်စခန်းဆောက်လုပ်ရာတွင် ကျွန်းစု- ကမ်းကြီး... လမ်းသည်လည်း တပ်ပိုင် ဧရိယာထဲသို့ ပါဝင်သွားခဲ့ပြီး ကျေးရွာများတွင် အရေးပေါ် ကိစ္စကြုံသည့် အချိန်နှင့် VIP လမ်းကြောင်းများ တိုက်ဆိုင်နေသည့် အခါတွင် ၎င်းလမ်းကို ပိတ်ဆို့ထားခြင်း ကျေးရွာသားများ သွားလာရေး အခက်အခဲများ တွေ့ခဲ့ကြပါ၍ ရေတပ်စခန်း ကို ဖြတ်သန်းသွားလာမည့် အစား သီးခြား လမ်းတစ်လမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုပါ ကြောင်းမေးမြန်းခဲ့သည်။ 



အဆိုပါ ဒေါ်တင်တင်ရီ၏ မေးခွန်းအား တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သမ္မတရုံး ဝန်ကြီးဌာန (၁) ဒုဝန်ကြီး ဦးသန့်ရှင်းက ကမ်းကြီးကျေးရွာမှ ကျွန်းစုမြို့သို့ လမ်းအသစ် ဖောက်လုပ်ရန် လမ်းကြောင်း အနေအထား အား မြေပုံ အထောက်အထားများ အရ တနင်္သာရီ ရေတပ်စခန်းဌာနချုပ် တပ်ပိုင် ဧရိယာ အတွင်း  ကမ်းခြေ တစ်လျှောက်မှ ဖြတ်သန်း ဖောက်လုပ် ရမည် ဖြစ်ပြီး တစ်ခြားရွေးချယ်ရန် လမ်းကြောင်းလည်း မရှိသည်ကို စိစစ်တွေ့ရှိရ ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ကျွန်းစုမြို့မှ ကျွန်းစု-ကမ်းကြီး ကျေးရွာ လမ်းဟောင်းရှိပြီး ဖြစ်သည့် အပြင် လမ်းအသစ် ဖောက်လုပ်ရာတွင် တပ်ပိုင်မြေ အတွင်းမှသာ ဖောက်လုပ် ရမည် ဖြစ်သဖြင့် လမ်းအသစ် ထပ်မံ ဖောက်လုပ်ရန် မသင့်ပါကြောင်းနှင့် ဖောက်လုပ်ရန် အစီအစဉ် မရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့ ပါသည်။


0 comments: