Saturday, August 17, 2013

မြိတ်ဂေါက်ကွင်း အတွင်း သမီးရည်းစား ချိန်းတွေ့စဉ် ဓားထောက် လုယက်သူ ဖမ်းမိပြီ


၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ ညနေ (၆) နာရီ အချိန်ခန့်တွင် မြိတ်မြို့ တောရကျောင်းရပ် ဂေါက်ကွင်း အတွင်း သမီးရည်းစား ချိန်းတွေ့နေသည့် မောင်………………. နှင့် .မ……………………… တို့အား အမည်မသိ လူ (၂) ဦးမှ ဓားရှည် (၁)ချောင်း ၊ မောင်းချဓား (၁)ချောင်း တို့ဖြင့် ဓားထောက်ပြီး တန်ဖိုး (၇)သိန်းရှိ ဖုန်းနံပတ် ………………………  I Phone 5 အမျိုးအစား (၁)လုံး၊ Huawei G 610 အမျိုးအစား ဖုန်းနံပတ် ……………………. တန်ဖိုး (၁)သိန်း (၆)သောင်း ရှိ ဖုန်း(၁)လုံး၊ တန်ဖိုး (၂) သိန်းရှိ Huawei P1 အမျိုးအစား ဆင်းကတ်မပါ တစ်လုံး ၊ စုစုပေါင်း သုံးလုံးနှင့် ငွေသား ၄၀၅၀၀ိ/ တို့အား လူယုသွားခဲ့သည်။ 


ထိုသို့ လုယက်မှုနှင့် ပတ်သတ်ပြီး သြဂုတ်လ ၁၇ ရက်နေ့မှ မြိတ်မြို့ ရဲတပ်ဖွဲ့စခန်းတွင် လာရောက် တိုင်ကြား အမှုဖွင့်သဖြင့် မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းက (ပ) ၄၀၉/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ပြီးနောက် ပြစ်မှု ကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ အမာခံ သတင်းပေးချက်များ အရ မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု တပ်ဦးကျောင်း လမ်းတွင် နေသူ အောင်မင်းဦး (ခ) သားကြီး (၁၈)နှစ်၊ (ဘ) ဦးတင်မောင်ဝင်း၏ သားအား တပ်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီး ရမိပြီး ၄င်းထံမှ အခင်း ဖြစ်ပွားစဉ် လုယူခဲ့သော Huawei G 610 မိုဘိုင်းလ် ဖုန်းအား တပ်ဦးကျောင်း ဆွမ်းစားဆောင်အောက် သဲပုံပေါ်တွင် တွေ့ရပြီး စစ်ဆေးချက် အရ အောင်မိုးဦး(ခ) သားကြီးမှ အချင်းဖြစ်စဉ် ၄င်းတို့ အသုံးပြုခဲ့သည့် အရိုး (၉)လက်မှ ၊ အသွား (၂၀) လက်မ ၊ ဗျက် (၁)လက်မရှိ ကိုင်းခုတ်ဓား တစ်ချောင်း၊ ဆင်းကတ် (၁)ခု၊ ဟန်းဆက် ကာဗာ တစ်ခုအား ဂေါက်ကွင်း အတွင်း ကျင်းအမှတ် (၁၁) အနီးရှိ ချုံပုတ်ထဲတွင် အောင်မိုးဦးက လိုက်လံ ပြသ၍ သိမ်းဆည်းမိခဲ့သည်။ 

အောင်မိုးဦးအား စစ်ဆေးချက်အရ အချင်းဖြစ်စဉ် အတူပါဝင် ပြစ်မှု ကျူးလွန်သူ ကိုကို (ခ) တိုးနိုင်လင်း ၊ အသက် (၁၈)နှစ်၊ (ဘ) ဦးသန်းဝင်း၊ တပ်ဦးကျောင်းလမ်း၊ အေးချမ်း သာယာရပ်၊ မြိတ်တောင် ကျေးရွာအုပ်စု နေသူ အား ရှာဖွေ ဖမ်းဆီးရာ ပလောက်မြို့နယ်ခွဲတွင် ဖမ်းဆီးရမိပြီး ၄င်းထံမှ အချင်းဖြစ်စဉ် လုယူ သွားခဲ့သော Huawei P1 အမျိုးအစား ဆင်းကတ် မပါ ဖုံး(၁)လုံးနှင့် ပြစ်မှုကျူးလွန် ရာတွင် အသုံးပြုခဲ့သော အရိုး (၄) လက်မ အသွား(၃)လက်မှ ရှိ မောင်းချဓား တစ်ချောင်းအား သိမ်းဆည်း ရမိခဲ့သည်။ 

အဆိုပါ ဓားထောက် လုယက်ခဲ့သည့် တရားခံ အောင်မိုးဦး(ခ) သားကြီးနှင့် ကိုကို (ခ) တိုးနိုင်လင်း တို့အား မြို့မရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး ကျန်ရှိသော သက်သေခံ ပစ္စည်းနှင့် ငွေများ သိမ်းဆည်း ရမိရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 


0 comments: