Saturday, August 17, 2013

မြိတ်မြို့နယ် သမ၀ါယမ အသင်းစု လီမိတက် နှစ်ပတ်လည် အစည်းအဝေးကျင်းပ

မြိတ်မြို့နယ်၊ သမ၀ါယမ အသင်းစု လီမိတက်၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အသင်းနှစ်ပတ်လည် အစည်းအဝေး ကို သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီက မြိတ်မြို့နယ်သမ၀ါယမဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အသင်းစု ဥက္ကဌ ဦးလှကြည် (ဂျီအီးစီ ပညာရေး သမ၀ါယမအသင်း)က အသင်းစု၏ ဆောင်ရွက် ချက်များအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြိတ်မြို့နယ် သမ၀ါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ဝင်းက အမှာစကားပြောကြားပြီး အသင်းစု အတွင်းရေးမှူး ဦးစံသိန်းက သမ၀ါယမ အသင်းစု အမှုဆောင်အဖွဲ့၏ အစီရင်ခံစာများကို ဖတ်ကြား သည်။ ဆက်လက်၍် အမှုဆောင် အဖွဲ့၏ အစီရင်ခံစာနှင့် အသင်းစု၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရှင်းတမ်း များ အပေါ် တက်ရောက်လာကြသော အသင်းကိုယ်စားလှယ်များက အပြန်အလှန် တင်ပြဆွေးနွေး အတည်ပြု ချက်များရယူကာ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

IPRD MYEIK


0 comments: