Saturday, August 31, 2013

တနင်္သာရီမြို့၌ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သယ်ဆောင်နေကြောင်း သတင်း အရ သကျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ (၆)မိုင်ကျေးရွာလမ်းဆုံ၌ သကျက် ဂဏန်းကွင်းရွာဘက်မှ မောင်းနှင်လာသော ဗီယက်နမ်နိုင်ငံထုတ် WAVE 100 ဆိုင်ကယ်အမှတ် ၃၃ယ/၄၇၈၁၁ အား ရှာဖွေစစ်ဆေးခဲ့သည်။


 

အဆိုပါဆိုင်ကယ်ကိုမောင်းနှင်လာသူ ဘန်းလမွတ်ကျေးရွာ အုပ်စု ကျောင်းကုန်း ကျေးရွာနေ စိုးလင်း (ဘ)ဦးစိုးတင့်၏ ဆိုင်ကယ်ပေါ်တွင် အိုလံပစ်အမှတ်တံဆိပ်ပါ ပလပ်စတစ်အိတ်အား သက်သေများ နှင့်အတူ စစ်ဆေးခဲ့ရာ ၄င်းအိတ်အတွင်းမှ (၅)ကျပ်သားခန့်ရှိသောဘိန်းစာမှုန့် (၁၀၁)ထုတ် စုစုပေါင်း(၅)ပိဿာ (၅) ကျပ်သားခန့်ကို သက်သေများရှေ့တွင် ဖမ်းဆီးသိမ်းဆည်းခဲ့သည်။

ယင်းဘိန်းစာမှုန့်များကို ရောင်းဝယ်သယ်ဆောင်လာသူ စိုးလင်း(၃၀)နှစ် (ဘ)ဦးစိုးတင့်အား တနင်္သာရီ မြို့နယ်ရဲစခန်း၏မယ(ပ)၅/၂၀၁၃ မူး/စိတ်ဥပဒေပုဒ်မ ၁၅/ကဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
IPRD MYEIK


0 comments: