Saturday, August 24, 2013

မြိတ်မြို့၌ ပဲ့နင်းမှူး ၊ ရေယာဉ်အုပ်၊ စက်ခန်းအုပ် ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်


မြိတ်မြို့၌ ပဲ့နင်းမှူး ၊ ရေယာဉ်အုပ်၊ စက်ခန်းအုပ် ကျွမ်းကျင်မှု သင်တန်းကို သြဂုတ်လ(၂၂)ရက် နံနက် (၉)နာရီတွင် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့သည်။ သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် မှာ ရေယာဉ်များတွင် အလုပ်လုပ်လျက် ရှိသော ပဲ့နင်းမှူး ၊ ရေယာဉ်အုပ်၊ စက်ခန်းအုပ်များကို ပဲ့နင်းမှူး ၊ ရေယာဉ်အုပ် ၊ စက်ခန်းအုပ် လက်မှတ်များ ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

 


အဆိုပါ သင်တန်းကို ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထွေး က ရေယာဉ် မောင်းနှင်ခြင်း ဆိုင်ရာ နည်းဥပဒေများ၊ မီးငြိမ်းသတ်ခြင်းများ၊ အသက်ကယ်ပစ္စည်းကိရိယာ အသုံး ပြုခြင်းများ၊ ပင်လယ်ပြင် အသက် အန္တရာယ်လုံခြုံရေး ဆိုင်ရာ ဘာသာရပ်များကို သြဂုတ်လ(၂၄)ရက်နေ့အထိ သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၅၇)ဦးတက်ရောက် သင်ကြားလျက် ရှိသည်။

ပဲ့နင်းမှူး ၊ ရေယာဉ်အုပ်၊ စက်ခန်းအုပ် စာမေးပွဲကို သြဂုတ်လ(၂၆)ရက်မှ (၂၉)ရက်အထိ ကျင်းပသွား မည်ဖြစ်ရာ ပဲ့နင်းမှူး စာမေးပွဲတွင်(၅၇)ဦး၊ စက်ခန်းအုပ် စာမေးပွဲတွင် (၅၅)ဥိးဖြေဆိုရန် စာရင်းပေးထားကြောင်း သိရှိရသည်။ အဆိုပါ စာမေးပွဲများကို ယခင်ကဆိုလျှင် တစ်နှစ်(၂)ကြိမ်သာ ကျင်းပပေးပြီး ၂၀၁၁ခုနှစ်မှ စ၍ ရေယာဉ်များ တိုးပွားလျက် ရှိသောကြောင့် တစ်နှစ်(၄)ကြိမ် ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments: