Thursday, August 1, 2013

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူနေအိမ်တစ်လုံးပြိုကျ

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုရားကိုင်ရပ်၊ ဘုရားကိုင် လမ်းမကြီး ၊ အမှတ် (၂၄)နေ (ဦးဖေအောင်) + ဒေါ်လှတင်တို့၏ (၂၅ x ၃၀)ပေရှိ ဓနိမိုး ပျဉ်ကာ ပျဉ်ခင်းနေအိမ်သည် ဇူလှိုင်လ (၃၁)ရက် ည(၈း၄၅)နာရီ အချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းထားမှုကြောင့် ပြိုကျပျက်စီးခဲ့သည်။

နေအိမ်ပြိုကျချိန်တွင် ဦးလှချို + ဒေါ်ခင်မာလွင်တို့၏ မိခင်ဖြစ်သူ ဒေါ်လှတင် (၉၄)နှစ်နှင့် သမီး မဇင်မာလှိုင် (၁၁)နှစ်၊ (၆)တန်းကျောင်းသူ တို့သည် နေအိမ် အတွင်း၌ရှိနေခဲ့ရာ ဒေါ်လှတင်မှာ ဗီဒိုများ ဖိမိခဲ့ သဖြင့် ခါးနာဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

အဆိုပါနေအိမ်ပြိုကျမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိမှုမရှိဘဲ နေအိမ် တစ်လုံးနှင့် အိမ်အသုံး အဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည်။ ပျက်စီး သွားသောနေအိမ်အား ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိ သူများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

IPRD MYEIK  


0 comments: