Tuesday, August 20, 2013

တနင်္သာရီက မ်းရိုးတန်းသည် အရှေ့တောင် အာရှတွင် အသန့်ရှင်းဆုံးဖြစ်ကြောင်း ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များပြော

အရှေ့ တောင် အာရှတွင် တနင်္သာရီကမ်း ရိုးတန်းဒေသကြီးသည် အသန့် ရှင်းဆုံး ကမ်းရိုးတန်း ဒေသကြီး တစ်ခုဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ကိုင် နေသူများက ပြောဆိုသည်။ ယင်းသို့ပြောဆိုခြင်းမှာ အ ဆိုပါ ကမ်းရိုးတန်းတွင် တည်ရှိ သော ရေပြင်အနေအထား၊ ဒီရေ တော အနေအထား၊ ဇီဝမျိုးစုံမျိုး ကွဲများအပေါ် မူတည်၍ ပြောကြား ခဲ့ကြခြင်းဖြစ်သည်။

ဒီရေတောဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးဝင်းမောင်က ''တနင်္သာရီ တိုင်းဒေသကြီးကတော့ ဒီရေတော ရာခိုင်နှုန်း ၉ဝကျန် နေသေးတယ်။ ဒီရေတောတွေ ရှိတဲ့ အတွက် ဇီဝမျိုးစုံမျိုးကွဲတွေ လဲ ရာခိုင်နှုန်း ၉၀ ကျန်နေသေး တယ်။ အဲဒီအတွက် အခြားနိုင်ငံ က ပညာရှင်တွေလာရင်လဲ တန င်္သာရီတိုင်းက အာဆီယံမှာ အလှ ဆုံးပဲလို့ ပြောတယ်။ ကျွန်တော့် အနေနဲ့လဲ အခြားကမ်းရိုးတန်း တွေကိုတော့ မပြောလိုပါဘူး။ တနင်္သာရီ ကမ်းရိုးတန်း ကတော့ အလှဆုံး အသန့်ရှင်းဆုံးဖြစ်မယ် လို့ ယုံကြည်တယ်''ဟု ပြောသည်။

အခြား အာဆီယံ နိုင်ငံများ၏ ကမ်းရိုးတန်းများသည် စီးပွား ရေးဖွံ့ဖြိုးမှု စီမံကိန်းများနှင့် လူဦး ရေထူထပ်လာမှုများကြောင့် များ စွာ ပျက်စီးနေပြီဖြစ်ကြောင်း ပတ် ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင်များက ဆိုသည်။

လက်ရှိအချိန်တွင် အဆို ပါဒေသကို စီးပွားရေးဖွံ့ဖြိုးရန် အတွက် အထူးစီးပွားရေးဇုန်ကြီး များ အပါအဝင် အခြားအကြီး စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

ဦးဝင်းမောင်က ''စီးပွားရေး ဖွံ့ဖြိုးမှုကလဲ လုပ်ရမှာပါ။ ဒါ ပေမဲ့ ပတ်ဝန်းကျင်ထိခိုက်မှုအ နည်းဆုံးဖြစ်အောင်တော့ လုပ် ရမယ်။ အရင်ဆုံး ပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်ချက်တွေ၊ လူမှုရေး ဆိုင်ရာ ဆန်းစစ်ချက်တွေကို လုပ်ဆောင်ပြီးမှ လုပ်သင့်မလုပ်သင့် စဉ်းစားပြီးမှ လုပ်ဆောင်သင့် တယ်'' ဟုပြောသည်။

မြန်မာနိုင်ငံတွင် ကမ်းရိုး တန်းဒေသကြီးသုံးခုရှိသော်လည်း ဧရာဝတီကမ်းရိုးတန်းမှာ ဒီရေ တောရာခိုင်နှုန်း ၉ဝပျက်စီးနေ ပြီး ရခိုင်ကမ်းရိုးတန်းမှာ ရာခိုင် နှုန်း ၄၀ ပျက်စီးနေခြင်းကြောင့် ဒီရေတော ရာခိုင်နှုန်း ၉၀ ပျက်စီး ပါက ဇီဝမျိုးစုံမျိုးကွဲ ရာခိုင်နှုန်း ၉၀ ပျက်စီးခြင်းကြောင့် အဆိုပါ နေရာများ၏ ပျက်စီးမှုမှာ ဒီရေ တော ပျက်စီးမှုအတိုင်း ဖြစ်ပေါ် နေပြီး တနင်္သာရီတိုင်းဒေသကြီး မှာ ဒီရေတော ရာခိုင်နှုန်း ၉၀ ကျန် ရှိနေသေးကြောင်း၊ လူသူ အရောက် အပေါက်နည်းခြင်းများ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှု နည်း ခြင်းများကြောင့် တစ်ခုတည်း သော၊ လှပနေသော ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သည်။

တနင်္သာရီ ကမ်းရိုးတန်း သည် မြန်မာနိုင်ငံတွင် အရှည်ဆုံး ကမ်းရိုးတန်းတစ်ခုဖြစ်ပြီး ၁၁၁၂ ကီလိုမီတာ ရှည်သည်။

Yangon Media Group အောင်အောင်၊၊သြဂုတ်(၁၉)၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ


0 comments: