Tuesday, August 20, 2013

မြိတ်မြို့၌ Mobile Team ရန်ကုန်ဆိပ်ကမ်းနယ်မြေတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေး ရှင်းလင်း



Mobile Team ရန်ကုန်ဆိပ်ကမ်းနယ်မြေတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ် သက်၍ အသိပေးရှင်းလင်းပွဲကို သြဂုတ်လ(၁၉) ရက် နေ့လည် (၁)နာရီတွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းးရှင်များ၊ ကမ်းရိုးတန်းသွားသင်္ဘောလုပ်ငန်းရှင်များ၊ ရေယာဉ်အသင်းအဖွဲ့ဝင်များ စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နယ်စပ်ကုန်သွယ်ရေးစခန်း(မြိတ်) ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်၊ လှိုင်မြစ်တစ်လျှောက်နှင့် ပင်လယ်ဝဆိပ်ကမ်းနယ်မြေအတွင်း တရားမ၀င်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအတွက် သြဂုတ်လ (၁၂)ရက်နေ့မှစ၍ Mobile Team စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြား သည်။

ယင်းနောက် တက်ရောက်လာကြသော ကုန်သည်လုပ်ငန်းးရှင်များ၊ ကမ်းရိုးတန်းသွား သင်္ဘော လုပ်ငန်းရှင်များ၊ ရေယာဉ်အသင်းလုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းကြရာ လက်ထောက် ညွှန်ကြားရေးမှူး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
IPRD MYEIK


0 comments: