Friday, August 16, 2013

မြိတ်မြို့နယ် ငွေစုငွေချေး သမ၀ါယမအသင်း လီမိတက်၏ ၂၀၁၃ခုနှစ် ပညာရည်ချွန်ဆုနှင့် ပညာသင် စရိတ် ထောက်ပံ့ကြေး ပေးအပ်ပွဲ ကျင်းပ



မြိတ်မြို့နယ် ငွေစုငွေချေး သမ၀ါယမ အသင်း လီမိတက်၏ ၂၀၁၃ခုနှစ် ပညာရည် ချွန်ဆုနှင့် ပညာသင် စရိတ် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ(၁၅)ရက် နံနက်(၁၀)နာရီတွင် အထက(၃)မြိတ်၌ ကျင်းပရာ မြိတ်ခရိုင် ပညာရေးမှူး ဦးကြည်သန်းက အမှာစကား ပြောကြားသည်။

ယင်းနောက် မြိတ်မြို့နယ် သမ၀ါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ဝင်းက အမှာစကား ပြောကြားပြီး မြိတ်မြို့နယ် ပညာရေး ငွေစုငွေချေး သမ၀ါယမအသင်း လီမိတက် ဥက္ကဌ ဦးတင်မောင်ဆွေက ပညာရည်ချွန်ဆု ပေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ၂၀၁၂-၂၀၁၃ခုနှစ် ပညာသင်နှစ်တွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ကြသူများနှင့် ပညာသင် စရိတ်များကို မြိတ်ခရိုင် ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီြးှမှင့်ကြပြီး အခမ်းအနား ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။


IPRD MYEIK


0 comments: