Sunday, August 11, 2013

မြိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့မှ ရပ်ကွက်/ကျေးရွာ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့ ရပ်ရွာလူထုနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

မြိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့မှ ရပ်ကွက် /ကျေးရွာ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့... ရပ်ရွာ လူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့၊ ည (၇း၃၀) အချိန်ခန့်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွယ်၊ ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ 

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး၊ မြို့နယ်ဥပဒေ အရာရှိ ဒေါ်အယ်စတာထွန်း၊ မြို့နယ် ကျန်းမာရေးမှူး ဦးဝင်းမောင်နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး နေမင်းတို့မှ ဆိုင်ရာဆွေးနွေး ချက်များ ဟောပြာခဲ့ရာ တက်ရောက်လာ သူများမှလည်း သိလိုသည်များကို ပြန်လည်ဆွေးနွေးကြကာ အခမ်းအနားကို ည (၉း၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။




 

0 comments: