Friday, August 30, 2013

နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျွန်းစုမြို့နယ် မင်းခေါင်းဆေး ကျေးရွာ၌ ကျင်းပပြုလုပ်

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ၊တောပြားကြီးအုပ်စု၊ မင်းခေါင်းဆေးကျွန်း၊ ကျေးရွာတွင် (၅၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ (၂၆.၈.၂၀၁၃)ရက်က ပထမအကြိမ် စာပေဟောပြောပွဲအား  (ဇေယျသုခ ကျောင်းတိုက်) ဓမ္မာရုံကြီး ၌ နေ့လည်ပိုင်း/ ညပိုင်း နှစ်ကြိမ်   ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြိတ်မြို့ ၌ စာရေးဆရာ (ညိုမင်းဟန်-အုတ်ဖို) မှ (ဗုဒ္ဓဘာသာဝင် မျိုးဆက်လူငယ်တို့  တော်ဖို့/ချွန်ဖို့ စာများများ ဖတ်ကြပါစို့) စာရေးဆရာ ၀င်းမြအောင်(မြိတ်)မှ (ဗုဒ္ဓဘာသာဝင် မောင်မယ်တို့ ကောင်းကျိုးတိုးဖို့) ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ရာ၊ မင်းခေါင်းဆေးရွာ အလကခွဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်(ပြည်) နှင့်ဆရာဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များ စာပေ၀ါသနာရှင် လူငယ်များနှင့် ကျေးရွာသူ/ သား ရပ်မိရပ်ဖ စုစုပေါင်း (၃၀၀) ကျော်တို့ တက်ရောက် နားထောင်ကြသည်။

အဆိုပါစာပေဟောပြောပွဲအပြီးတွင် မြိုတ်မြို့မှ အလှူရှင်ဒေါက်တာအင်ရှန်၊ဒေါက်တာနန်းစောမြနှင့် ၀ါဝါခိုင် ကုန်စုံဆိုင် မိသားစုတို့မှ လှူဒါန်းသော အနန္တဂုဏ်ရည် ဘာသာရေးမဂ္ဂဇင်း ဓမ္မစာအုပ်များနှင့် ဂျာနယ်ပေါင်းစုံတို့အား စာရေးဆရာ ညိုမင်းဟန်(အုတ်ဖို) မှ မင်းခေါင်းဆေးကျေးရွာ စာကြည့်တိုက်သို့ ပေးအပ်ရာ စာကြည့်တိုက်မှူးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
MYEIK VOICE


0 comments: