Thursday, August 8, 2013

ကော့သောင်းမြို့နယ် မိုးစပါး စိုက်ပျိုး စရိတ်ငွေ ထုတ်ချေး

ကော့သောင်း မြို့နယ်သို့ ၂၀၁၃ခုနှစ် မိုးစပါး စိုက်ပျိုး စရိတ် ထုတ်ချေးခြင်း အခမ်းအနားကို သြဂုတ်လ(၆) ရက်နေ့က ရွှေပြည်စိုး ကျေးရွှာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(မြိတ်) ခရိုင်မန်နေဂျာ ဦးရွှေဟိုက ချေးငွေမူစနစ်နှင့် စည်းကမ်းချက်များ ရှင်းလင်း ပြောကြားပြီး ရွှေပြည်စိုး ကျေးရွာနှင့် ဆယ်မိုင် ကျေးရွာတို့မှ မိုးစပါးစိုက် တောင်သူ(၂၁)ဦး ၏ စိုက်ဧက (၉၉)ဧက အတွက် (၁)ဧက ကျပ်(၁)သိန်း နှုန်းဖြင့် ချေးငွေကျပ် (၉၉)သိန်း ထုတ်ချေး ခဲ့သည်။ 

ကော့သောင်း မြို့နယ်သို့ ၂၀၁၃ခုနှစ် အတွက် ချေးငွေကျပ် သိန်းပေါင်း (၅၃၄)သိန်း ထုတ်ချေးရန် လျာထားကြောင်း ခရိုင်မန်နေဂျာ ဦးရွှေဟို၏ ပြောပြချက်အရ သိရှိ ရသည်။


0 comments: