Friday, August 2, 2013

စိတ်ကြွဆေးပြား ဖမ်းမိ

၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ ည (၈)နာရီ ကျော်ခန့် အချိန်တွင် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း ဒုရဲအုပ် အောင်မြင့်စိုး ခေါင်းဆောင်သော တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) နယ်မြေရဲကင်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သော အဖွဲ့သည် မြို့သစ် (၂) ရပ်ကွက် စကားဝါလမ်းဘေး သစ်သားခုံတန်းတွင် ထိုင်နေသော အမှတ်(---) နောက်လယ်ရပ် စကားဝါလမ်းနေ မောင်ပြည်စိုး ၊ အသက် (၂၃) နှစ်၊ (ဘ) ဦးမြင့်စိုး၏ သား ဖြစ်သူအား သတင်းအရ စစ်ဆေးရှာဖွေစဉ် မောင်ပြည်စိုးထံမှ WY စာတန်းပါ ပန်းရောင် ဆေးပြား (၁၀)လုံးပါ (၃)တောင့်၊ WY စာတန်းပါ အညိုရောင်ဆေးပြား (၁၀)လုံးပါ (၄)တောင့် တန်ဖိုး (၄)သိန်း ခန့်နှင့် ငွေသား စက္ကူ ရောရာ ၂၆၅၀၀ိ/ကျပ်၊ …………………. နံပတ် ဖုန်းတစ်လုံး၊ Sonic အမျိုးအစား ဆိုင်ကယ် တစ်စီး တို့အား ဖမ်းဆီးမိ ခဲ့သည်။ 


ထိုသို့ စိတ်ကြွဆေးပြား လက်ဝယ် ဖမ်းဆီးရမိသော မောင်ပြည်စိုးအား မြိတ်မြို့မ ရဲစခန်းက (ပ) ၃၂/၂၀၁၃ ၊ မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိ ပါသည်။


0 comments: