Wednesday, August 28, 2013

ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တရားမ၀င် ထွက်ခွာမည့် စက်လှေတစ်စီးအား စစ်ရေယာဉ် (၄၀၃)မှ ဖမ်းဆီးမိ

အကြမ်းဖက် ဖောက်ခွဲရေး သမားများ မြိတ်မြို့သို့ ၀င်ရောက်ကာ အဖျက်အမှောက် လုပ်ငန်းများ၊ ဖောက်ခွဲမှုများ ပြုလုပ်မည်ဟု သတင်း ရရှိသဖြင့် တပ်မတော်(ရေ) မှ ၄င်းတို့ ၀င်ရောက်လာနိုင်သော ရေလမ်းကြောင်း များအား ပိတ်ဆို့ကာ လုံခြုံရေးယူခြင်း၊ ကင်းလှည့်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။ မြိတ်မြို့ရှိ စစ်ရေယာဉ် (၄၀၃)မှလည်း မြိတ်မြို့၊ အ၀င် ရေလမ်းကြောင်းများအား ကင်းလှည့် စောင့်ကြပ်ခြင်းများ ပြုလုပ် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်နေစဉ် (၂၂-၈-၂၀၁၃)ရက်နေ့ ညအချိန်တွင် မြိတ်မြို့မှ ကလွင် မီးပြဘက်သို့ သတ်မှတ် ရေကြောင်းပြမီးများ ထွန်းညှိထားခြင်း မရှိဘဲ မီးမှောင်ချ၍ မောင်းနှင်နေသော လှေတစ်စီးအား တွေ့ရှိရပြီး ခေါ်ယူ စစ်ဆေးရာ ငွေပင်လယ်(၀၉၁) ငါးဖမ်း ၀ါးလတ်လှေ တစ်စီးအား တွေ့ရှိပြီး လှေသား(၆)ဦးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းမိလှေ၏ လှေပိုင်ရှင်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အလယ်သံကျော်ကျေးရွာနေ ကျော်မြင့်နိုင် (ခ)မိုဟာမက်ယာယာဖြစ်ပြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာ အုပ်စု၊ တောရကျောင်းရပ်နေ သန်းထွန်းဆိုသူမှာ ပွဲစား လုပ်၍ ၀ယ်ယူပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်းဝါးလတ်လှေသည် စစ်ဆေးရေးအဖွဲ့ (OSS သို့ဝင်ရောက် စစ်ဆေးခံခြင်း မရှိကြောင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ လိုင်စင်သက်တမ်း ကုန်ဆုံးနေခြင်း၊ အခြားရေယာဉ် (၁)စီး၏ အချက် အလက်များအား မိတ္တူ ကူးယူလာကြောင်း တရားဝင်ငါးဖမ်း လိုင်စင်မရှိကြောင်း၊ ၄င်းလှေသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာမည်ဖြစ်ပြီး မည်သည့်လုပ်ငန်း လုပ်ကိုင်မည်မှာ မပြောဆိုကြောင်း သိရသည်။ လှေတွင်လိုက် ပါလာသော တရားခံ(၆)ဦးအား မြို့မရဲစခန်းသို့ လွှဲပြောင်းပေး၍ မြို့မရဲစခန်းမှ ၄င်းတို့နှင့် ဆက်စပ်လျက်ရှိသော သတင်းကွင်းဆက်များအား ဖော်ထုတ် စစ်ဆေးလျက် ရှိသည်။ 

ကြားသိရသော သတင်းများအရ ယခုစစ်သင်္ဘော(၄၀၃)သို့ ရောက်ရှိနေသော စစ်ရေယာဉ်မှူး သည် အဖမ်းအဆီး ကြမ်းပြီး တရားမ၀င်လှေများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်တတ်ကြောင်းနှင့် ယခင်တာဝန်ကျ ဖူးသော စစ်သင်္ဘောများ၌လည်း မှောင်ခိုကုန်လှေများ၊ အကောက်အခွန်မဲ့လှေများ၊ ယခုကဲ့သို့ တရားမ၀င် ခိုးဝင်သော နိုင်ငံခြား ငါးဖမ်းလှေများကို ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။ ယခုကဲ့သို့ တရားမ၀င် ခိုးဝင်သော ဘင်္ဂါလီအရေး ကိစ္စနှင့် ဆက်စပ်နေသည်ဟု ယူဆရသော လှေအား မြိတ်မြို့အတွက် များစွာ အကျိုးရှိသည် ဟု သိရှိရသည်။  အကယ်၍ ယခုကဲ့သို့ ဖမ်းမိခြင်းမရှိပါက ယခင်ကအတိုင်း ဘင်္ဂါလီလူမျိုးများ မြိတ်မြို့သို့ လှေငယ်များထက်ပို၍ အမြောက်အမြား ၀င်ရောက်လာနိုင်ပေသည်။

စစ်သင်္ဘော (၄၀၃) စစ်ရေယာဉ်မှူး အနေဖြင့် - အရင်လိုပဲ ဆက်လက် ဖမ်းဆီးသွားနိုင်၊ မနိုင် မြိတ်မြို့ရှိ လုပ်ငန်းရှင်များ၏ ပူးပေါင်းမှုအောက်သို့ ရောက်ပြီး ယခင် ယခင်ကအတိုင်း ဆက်သွား၊ မသွားကိုပဲ ဆက်လက် စောင့်ကြည့် ရမည် ဖြစ်သည်။





0 comments: