Saturday, August 17, 2013

မြိတ်ဂေါက်ကွင်း စုံတွဲများ မှောင်ရိပ်ခို ချိန်းတွေပါက အန္တရာယ်များသည့် အတွက် ၀ိုင်းဝန်း ထိမ်းသိန်း ကြပ်မတ်ရန်လို

မြိတ်မြို့ ဂေါက်ကွင်း အတွင်း ညအချိန် မှောင်မိုက်မှုနှင့် ဆိတ်ငြိမ်မှုအား အခွင့်ကောင်း ယူကာ စုံတွဲများ မှောင်ရိပ်ခို ချိန်းတွေ့ရာ နေရာ တစ်နေရာ ဖြစ်နေပြီး အဆိုပါ စုံတွဲများ အပေါ် ခြိမ်းခြောက် လုယက်မှုများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စောင့်ကြပ် အရေးယူ ဆောင်ရွက်နေကြောင်း သိရှိရသည်။


စုံတွဲများမှာ လူငယ်၊ လူလတ်ပိုင်းများ ဖြစ်ပြီး မိဘများ ရတက်မအေး ရင်လေးဖွယ်ရာ နောက်ဆက်တွဲ ဇာတ်လမ်းများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ အမြင်မတော်၍ ခေါ်ယူဆုံးမခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ မိဘများထံ ပြန်လည်အပ်နှံ၍ ခံဝန်လက်မှတ်ရေးထိုးစေခြင်း၊ ရဲတပ်ဖွဲ့မှ မှောင်ရိပ်ခိုမှုဖြင့် အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မှောင်ရိပ်ခို စုံတွဲများကြောင့် ရာဇ၀တ် မှုခင်းများ ဖြစ်ပွားနိုင်သဖြင့် မိဘများ အနေဖြင့် ညဦး ညနက် သမီး မိန်းကလေးများအား အချိန်မတော် အပြင်ထွက် လည်ပတ်သွားလာခြင်း မပြုလုပ်နိုင်အောင် သွန်သင် ဆုံးမ ထိန်းသိမ်း ပြုပြင်ရန် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။


0 comments: