Friday, August 16, 2013

မြိတ်မြို့နယ်လုံး ဆိုင်ရာ သံဃာဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်း

မြိတ်မြို့နယ် အတွင်း ၀ိနည်းဖြင့် ညီညွတ်စွာ လိုက်နာကျင့်သုံးခြင်း မရှိဘဲ လူစည်းကားသော ဈေး၊ စာသင်ကျောင်း၊ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင် စသည်တို့တွင် ၀တ္ထုငွေကြေး များကိုများကို မမှန်ကန်သော နည်းလမ်းများဖြင့် အလှူခံခြင်း၊ လောင်းကစားမှု၊ အရက်သေစာ သောက်စားမှုများ အစ ရှိသည်တို့ကို ဆောင်ရွက်လျက် သာမဏေ သရုပ္ပ မဖြစ်သောာ အတုအယောင် သံဃာများအား သန့်ရှင်း အောင် ဆောင်ရွက်ရန်အတွက် သံဃာဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နေ့လည် ပိုင်းတွင် မြိတ်မြို့ စပါးရွှေဝါ လမ်းရှိ မော်တောင် ပရိယတ္တိ စာသင်တိုက်တွင် ခဲ့သည်။


အစည်းအဝေးတွင် မော်တော်ကျောင်း ဆရာတော် ဦးနာရဒ က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး ဒုက္ကဋ္ဌ ဆရာတော် (၂)ပါး၊ အတွင်းရေးမှူး ဆရာတော် တစ်ပါးနှင့် တွဲဖက် အတွင်းရေးမှူး ဆရာတော် (၃) ပါး၊ အဖွဲ့ဝင် အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ သာသနာရေး ဦးစီးမှူး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။


0 comments: