Sunday, August 18, 2013

မြိတ်လေဆိပ်ရှိ ပစ္စည်း ရှာဖွေရေး X-Ray စက် ပြန်ကောင်းပြီ

မြိတ်လေဆိပ်ရှိ ပစ္စည်း ရှာဖွေရေး X-Ray စက် ပြန်ကောင်းပြီ  

မြိတ် သြဂုတ် ၁၇

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ မြိတ်လေဆိပ်တွင် လုံခြုံရေးအရ ရှာဖွေစစ်ဆေးခြင်း ပြုလုပ်ရန် တပ်ဆင် အသုံးပြုလျက် ရှိသော ပစ္စည်းရှာဖွေရေး X-Ray စက်သည် သြဂုတ် ၆ ရက်က မြိတ်-ဘုတ်ပြင်း မြန်မာ့လေကြောင်း ခရီးသည် ခေါ်ဆိုချိန်တွင် စက်ချွတ်ယွင်း၍ မြိတ်လေဆိပ် လုံခြုံရေး ပူးပေါင်းအဖွဲ့မှ ခရီးသည်များ ပါရှိသော ပစ္စည်းများကို ဖွင့်ဖောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။

အဆိုပါ X-Ray စက်ချွတ်ယွင်းနေမှုကို မြိတ်လေဆိပ် လေကြောင်း ဦးစီးဌာနမှ X-Ray တာဝန်ခံ ဦးအောင်ကျော်ဆန်းနှင့် ရန်ကုန်မြို့မှ ရောက်ရှိနေသော မြင့်သုခနဒီ ကုမ္ပဏီမှ နည်းပညာပိုင်း ဆိုင်ရာ အင်ဂျင်နီယာ ကိုအောင်ဝင်းမြင့်တို့က ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက် ၇ နာရီက ရန်ကုန် Air Way လေကြောင်းလမ်း ခရီးသည် ခေါ်ဆိုချိန်တွင် ပြန်လည်ကောင်းမွန်၍ စတင်အသုံးပြု ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်၍ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments: