Saturday, August 17, 2013

ပုလောမြို့၌ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး တွေ့ဆုံဆွေးနွေး

မြိတ်ခရိုင် ပုလောမြို့နယ် မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေး အဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ မူးယစ် ဆေးဝါးကာကွယ် တားဆီးရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး ပွဲကို သြဂုတ်လ(၁၆)ရက် နေ့လည်(၁) နာရီတွင် မြို့နယ် ကမ်းရိုးတန်း ရတနာခန်း၌ ကျင်းပရာ ပုလောမြို့နယ် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။


ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာက အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ် ရဲတပ်ဖွဲ့မှူးက မြို့နယ်အတွင်း မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေးအတွက် မြို့နယ်အဖွဲ့၏ ဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ ရပ်ကွက်ကျေးရွာအဖွဲ့များ၏ ဆောင် ရွက်မည့်အခြေအနေကို တင်ပြဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ပြည်သူလူထုအား ကျယ်ပြန့်စွာ အသိပညာ ပေးရေးနှင့် ပြည်သူလူထုများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စည်းရုံးရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

IPRD MYEIK

0 comments: